စုပေါင်းရှင်ပြုပွဲ (စေတနာပန်းခင်း)

တတိယသင်္ဂါနာတင် မင်းကြီးဖြစ်တဲ့ ဘုရင် အသောကဟာ တစ်နေ့မှာ ရဟန္တာမထေရ် အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်ကို မေးလျှောက်ပါတယ်။ “အရှင်ဘုရား၊ မြတ်စွာဘုရားလက်ထက်ကနေစလို့ ဒီနေ့ခေတ်တိုင်အောင် သာသနာမှာ တပည့်တော်လောက် လှူဒါန်းတဲ့သူ ရှိပါသလား” ဆိုတော့ မထေရ်မြတ်က “ဒကာတော်မင်းကြီး ၊ မြတ်စွာဘုရား လက်ထက်ကနေ ယနေ့တိုင်အောင် ဒကာတော်မင်းကြီး လောက်လှူဒါန်းနိုင်တဲ့ သူမရှိပါဘူး” လို့ ချီးမြှောက်တော်မူပါတယ်။ အဲဒိလောက်ချီးမြှောက်နိုင်လောက်အောင် သူလှူထားတာတွေကို ကြည့်လိုက်မယ် ဆိုရင်လည်း ရေတွင်း ပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်းရှစ်သောင်းလေးထောင်၊ ကျောင်းပေါင်း ရှစ် သောင်းလေးထောင် စသည်အားဖြင့် လှူဒါန်းလိုက်တာ မဇ္ဈိမဒေမှာ သူ့ကုသိုလ်ကောင်းမှုတွေဟာ လက်ငြိုးထိုး မလွဲလောက်အောင် ရှိလှပါတယ်။ ရှစ်သောင်းလေးထောင် ဆိုတာကတော့ မြတ်ဗုဒ္ဓရဲ့ ဓမ္မက္ခန္ဓာေ ပါင်း ရှစ်သောင်းလေးထောင်ရှိတာကို ပူဇော်သောအားဖြင့် လှူဒါန်းတာဖြစ်ပါတယ်။

နောက်သူ့ရဲ့ထူးခြားတဲ့ ကုသိုလ်တစ်ခုက သူထမင်းစားခါနီးတိုင်း တစ်သန်းဖိုး၊ တစ်သိန်းဖိုးလှူဒါန်းပြီးမှ သူ စားေ လ့ရှိပါတယ်။ မလှူရသေးရင် သူစားလို့မရပါဘူး။ အဲဒိ တစ်သိန်းဖိုးတွေ စုလိုက်ရင်တောင် သူလှူသွားတာဟာ တစ်ဋေတစ်ရာ ရှိတယ်လို့စာမှာဆိုပါတယ်။ ဒါကြောင့်လည်း ရဟန္တာမထေရ်မြတ်ရဲ့ “ပြိုင်ဘက်ကင်း အလှူရှင်” ဆိုတဲ့ ဘွဲ့ကို သူအပ်နှင်းခံရတာပါ။ မထေရ်မြတ်ရဲ့ စကားတော်ကိုကြားရတော့ သူသိပ်ပျော်သွားပါတယ်။ အဲဒိတော့ သူဆက်မေးတယ်။ “အရှင်ဘုရား၊ ဒါဆိုရင် တပည့်တော်ဟာ သာသနာနဲ့ ဆွေမျိုးတော်ပြီပေါ့ဘုရား၊ တပည့်တော်ဟာ သာသနာနဲ့ အနီးစပ်ဆုံးဆွေမျိုးဖြစ်ပြီပေါ့ဘုရား”ဆိုတော့ “ဒကာတော်မင်းမြတ်၊ တတ်နိုင် လို့ မြေကြီးကနေ ဗြဟ္မာ့ပြည်တိုင်အောင် ရုပ်ဝတ္ထုပစ္စည်းတွေ စုပုံလှူစေဦး၊ ဒကာတော်မင်းမြတ်ဟာ၊ သာသနာ့ ဒါယကာသာဖြစ်မယ်။ သာသနာတော်နဲ့တော့ ဆွေမျိုးတော်စပ်ခြင်း မရှိသေးဘူးလို့ မိန့်တော်မူပါတယ်။ “အရှင် ဘုရား ဒါဆိုရင် သာသနာတော်နဲ့ ဆွေမျိုးတော်အောင် တပည့်တော်ဘယ်လိုလုပ်ရမလဲဘုရား” “မိမိရင်မှဖြ စ် သော သားဖြစ်စေ၊( သူတစ်ပါးရင်မှဖြစ်သော) သားဖြစ်စေ၊ သာသနာ့ဘောင်ထဲကို သွပ်သွင်းချီးမြင့်ဘူးမှ တစ် ကယ်သာသနာတော်နဲ့ ဆွေမျိုးတော်စပ်နိုင်မယ်”၊ ဆိုလိုတာက ရဟန်းခံတာ၊ ကိုရင်ဝတ်ပေးတာကို ဆိုလိုတာပါ။

ဒါနဲ့ပဲ မင်းကြီးဟာချက်ခြင်းပဲ သာတော်ရင်း မဟိန္ဒ၊ သမီးတော်ရင်း သင်္ဃမိတ္တာနဲ့အတူ နန်းတော်မှ သာသ နာ့ ဘောင်သို့ ၀င်ရောက်လိုသောသူ အားလုံးကို အလှူတန်းကြိးစွာပြုလုပ်၍ သာသနာနဲ့ ဆွေမျိုးစပ်ပွဲကြီး ကျင်း ပပြုလုပ်ခဲ့ပါတယ်။ ထိုသာသနာတော်နဲ့ ဆွေမျိုးစပ်ပွဲမှ တစ်ဆင့်ဖြစ်ပေါ်လာသော မင်းကြီးရဲ့ ကိုးတိုင်း၊ ကိုးဌာန သာသနာပြု စေလွှတ်မှု အစီစဉ်ကြောင့်ပဲ ထိုင်း၊မြန်မာစတဲ့ ထေရ၀ါဒငါးနိုင်ငံဟာ ယခုလက်ရှိအချိန်ထိ ဗုဒ္ဓသာ သနာတော်ကို ဖူးမြှော်ကြည်ညိုခွင့်ရနေတာပါ။ မင်းကြီးရဲ့ ကျေးဇူးဟာ ကြီးမြတ်လှပါပေစွ။ စေတနာပန်းခင်း သာသနာပြုအဖွဲ့စည်းလေးကို စတင်ဖွဲ့စည်းစဉ်အချိန်ခါက အဓိကအားဖြင့် ရည်ရွယ်ချက်သုံးခုကို ခိုင်ခိုင်မာမာ ချမှတ်ခဲ့ပါတယ်။ အဲဒိထဲက နံပါတ်တစ်ရည်ရွယ်ချက်က အသင်းရဲ့ ငွေအား၊ လူအားဖြင့် အခါအားလျှော်စွာ စု ပေါင်း ရဟန်းခံ၊ ရှင်ပြုပွဲများ ကျင်းပပြုလုပ်နိုင်ရန်ဖြစ်ပါတယ်။

ဒီရည်ရွယ်ချက်ကလေးက လောကမှာ အလွန်ရခဲတဲ့ အရာနှစ်ခုကို စေတနာပန်းခင်းက ကူညီဖြည့်ဆည်းပေးနိုင် ရန်ပဲဖြစ်ပါတယ်။တစ်ခုက ရဟန်းအဖြစ်ကို ရဘို့ရန် အလွန်ခက်ခဲပါတယ်။ ဒါလေးက စဉ်းစားကြည့်ရင် အားလုံး သိနိုင်ပါတယ်။ လူပေါင်းသန်းပေါင်းခြောက်ထောင်လောက်ရှိတဲ့ ကမ္ဘာမှာ ရဟန်းဦးရေဟာ ဆယ်သိန်းမပြည့်ပါ ဘူး။ နောက်တစ်ခုက အသောကမင်းကြီးကဲ့သို့ သာသနာနဲ့ဆွေမျိုးတော်စပ်လိုကြပေမယ့် မစွမ်းသာကြတဲ့ သူ တွေ၊ သာသနာတော်ထဲကို ၀င်ရောက်လိုသော်လည်း ငွေကြေးမတတ်နိုင်ကြတဲ့သူတွေရဲ့ အခက်ခဲကို စေ တနာပန်းခင်းက ဖြစ်မြောက်အောင် ကူညီပေးနိုင်ရန်ပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှန်ရင် ရှင်ပြုဘူးရမယ်၊ ရဟန်းခံ ဘူးရမယ်လေ။ အဲဒိအဓိက ရည်ရွယ်ချက်ဖြစ်တဲ့ နံပါတ်တစ် စုပေါင်းရဟန်းခံရှင်ပြုပွဲကို စေတနာပန်းခင်းက ယခု နှစ်မှာ စတင်အကောင်ထည်ဖော်နိုင်ပြပါပီ၊ စာရေးသူခေါင်းဆောင်လို့ စေတနာပန်းခင်း မိသားစုများက ပထမ အကြိမ် သာသနာပြု ပွဲလေးကို လာမယ့် ဧပရယ်လမှာ ကျင်းပနိုင်ပါတော့မယ်။ ရှင်လောင်းက စုစုပေါင်းဆ ယ့်နှစ် ပါးကျော်၊ ရဟန်းလောင်းက နှစ်ပါးပါ။ (ဒီထက်လည်း ပိုနိုင်ပါတယ်)

ဒီအလှူလေးအကြောင်းကို စာရေးသူက ဘန်ကောက်က ဗုဒ္ဓဓမ္မသင်တန်းမှာ စာရေးသူရဲ့ ကျောင်းသား ၊ ကျောင်းသူများကိုပြောပြတော့ ကျောင်းသားကျောင်းသူတစ်ချို့က သူတို့လည်း ကုသိုလ်ပါဝင်လိုကြောင်း၊ တစ် ပါးကို အလှူငွေ မည်မျှလှူဒါန်းရပါမည်လဲလို့မေးလာသောအခါ စာရေးသူက တစ်ပါးကို မြန်မာငွေ တစ်သောင်း ခွဲ လောက် လှူဒါန်းလျှင် လောက်ငကြောင်းပြောပြလိုက်ပါတယ်။ (အတွက်အချက်က ကောင်းတယ်လေ။) အဲဒိ တော့ ပထမဆုံးစေတနာပေါက်တဲ့ ကျောင်းသူနှစ်ဦး၊ တစ်ဦးလျှင် နှစ်ပါးစီဖြင့် ဘတ်ငွေ နှစ်ထောင်လှူဒါန်းပါ တယ်။ အဲဒိနေ့ပဲ အလှူငွေရလာတော့ စာရေးသူက မြန်မာကို လှမ်းဖုန်းဆက်ပြောတဲ့အခါမှာတော့ ဒီခေတ်မှာ သင်္ကန်းရဖိုးက အဲဒိငွေလောက်နဲ့ရပေမယ့်၊ ရှင်လောင်းအ၀တ်အစားတွေချုပ်ဘို့က ဘယ်လိုမှ မလောက် ငနိုင် ကြောင်း၊ သိရပါတယ်။ဆင်းရဲချို့တဲ့သော ကလေးတွေမှာ ရှင်လောင်းအ၀တ်အစားကို ကိုယ်တိုင် ချုပ်နိုင်ေ လာက်တဲ့ ငွေကြေးမရှိကြပါဘူး။ စေတနာရှင်တွေက နှစ်ပါးစာလှူဒါန်းချင်တယ်။ ဒါပေမယ့် သူတို့လှူဒါန်း ထားတာ တစ်ပါးစာစီပဲဆိုတာ စာရေးသူဘယ်လိုမှ ပြောမထွက်တော့ဘူးလေ။ သာမာန်အလုပ်သမားလေးေ တွရဲ့ ဘ၀မှာ ဘတ်ငွေနှစ်ထောင်ဟာ သိပ်မနည်းတဲ့ ကိန်းဂဏန်းတစ်ခုဆိုတာ သိနေတဲ့စာရေးသူက ထပ်လည်း အလှူမခံရက်ပြန်ဘူးလေ။ အဲဒိတော့ သူတို့ကို ပြန်တောင်းပန်ရတာပေါ့။ အလှူငွေကတော့ မလောက်ငပေ မယ့်၊ထပ်မလှူပါနဲ့၊ တစ်ပါးစာစီပဲယူကြပါလို့ တောင်းပန်ရပါတယ်။ ဒါတောင်သူတို့က အစကတည်းက ရည်ရွယ် ချက်ကို မပျက်ချင်လို့ မကြေနပ်ကြပါပေမယ့်။ စာရေးသူကပဲ ဖြောင့်ဖျနှစ်သိမ့်ရပါတယ်။ တစ်ခြားအလှူရှင်တွေ လည်း ရှိနေတဲ့အ တွက် တစ်ပါးစာစီပဲတာဝန်ယူကြပါပေါ့။

ဘာပဲဖြစ်ဖြစ်လေ အဆင်တော့ပြေသွားတာပါပဲ။ စာရေးသူတော့ လောလောဆယ် စာမေးပွဲတစ်ခုဖြေထားရပေ မယ့်၊ စာမေးပွဲအတွက် သိပ်မပူပဲ၊ မြန်မာပြန်ပြီး စေတနာပန်းခင်းလေးရဲ့ လေးလပိုင်း ၂၉ ရက်နေ့မှာ ကျင်းပမယ့် ပွဲဦးထွက် စုပေါင်းရှင်ပြုပွဲလေးအတွက်ပဲ စိတ်စောနေမိပါတော့တယ်။

တွေ့မြင်၊ ကြားသိသူအပေါင်း ရွှင်လန်းဝမ်းမြောက်နိုင်စေရန်သာ ဖြစ်ပါတယ်။။

အရှင်တေဇာနန္ဒ (စေတနာပန်းခင်း)

3 comments:

  1. စေတနာပန်းခင်းရဲ့ ရှင်ပြုအလှူလေး ထမြောက်အောင်မြင်ပါစေ
    ကြည်နူးစရာမြင်ကွင်းလေးဖြစ်မှာ ကြိုပြီး မြင်ယောင်မိပါတယ်
    စေတနာအလှူရှင်များလည်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ။

    ReplyDelete
  2. လင်းသစ် သာဓု ၃ ကြိမ်တိတိကို ဝမ်းမြောက်၊ဝမ်းသာနှင့်ခေါ်ဆိုသွား
    ပါတယ်ဘုရား။။။ ဘုရားရှင်ရဲ့ သားတော်ဖြစ်နိုင်ခွင့်ဆိုတဲ့ ကြီးမြတ်တဲ့
    အခွင့်ရေးကို ဖန်တီးပေးတဲ့ စေတနာ့ပန်းခင်း သာသနာပြုအဖွဲ့လည်း
    ဒိထက် ဒိထက်ကို ပိုမိုပြီး သာသနာပြုနိုင်ကြပါစေ။။။ လင်းသစ်ရဲ့
    ဘလော့လေးကို ကိုယ်တိုင်လာရောက် ချီးမြှင့်ပေးတာကိုလည်း
    အထူးပဲကျေးဇူးတင်ရှိပါကြောင်း လျောက်တင်ပါတယ်ဘုရား။။။။

    ReplyDelete
  3. အလှူပွဲပြီးရင် ဓါတ်ပုံလေးတွေနဲ့ ပြန်တင်ပေးအုံးနော် ဘုန်းဘုန်း
    ကောင်းသောနေ့လေး ဖြစ်ပါစေ။

    ReplyDelete