အမေဆိုတာ
အမေ အဲလိုတစ်ညလုံး အမိုးလေးတွေ ဖားထေးနေတဲ့အချိန်မှာ စာရေးသူတို့ မောင်နှမ သုံးယောက်ကတော့ ခေါင်းရင်းနားလေးမှာ ဖျာလေးအပေါ်ကို ပြန်လိပ်တင်ပြီး၊ ကွေးနေအောင် ဆက်အိပ်ကြတာပဲ၊ အမေ့ရဲ့ တစ်ညလုံးမအိပ်ရတဲ့ ဒုက္ခတွေကို ကိုယ်ချင်းလည်း စာနာတတ်ဘို့ နားမလည်ခဲ့ကြဘူးလေ။ တစ်မိသားစုလုံးမှာပိုင်ဆိုင်တဲ့ တစ်လုံးထဲသော ပိတ်ခြင်ထောင်ကြိးမှာ အိပ်လို့ မရအောက်အောင် ကြမ်းပိုးတွေ ကိုက်လာတဲ့အခါလည်း သားသမီးတွေကို မနိုးစေပဲ၊ ကြမ်းပိုး သတ်ရတာလည်း အမေ၊ သား သမီးတွေ အအိပ်ကြမ်းလို့ ခြင်ထောင်ကြိုးတွေ ပြတ်တော့လည်း ထပြီး ချည်ရတာလဲအမေ၊ ကြောင်လေးတွေချမ်းလို့ ခြင်ထောင်ထဲ လာကွေးပြီးအိပ်တဲ့အခါ သားသမီးတွေ ဖိမိမှာစိုးလို့ နေရာ လိုက်ရွှေ့ရ တာလဲ အမေပါပဲလေ။
အမေက ဟင်းသီး၊ ဟင်းရွက်တွေပဲရောင်းဖူးပါတယ်။ သား၊ ငါးတွေ မရောင်းဖူးပါဘူး။ အမေက ခြင်လေးတွေ၊ ကြမ်းပိုးလေးတွေပဲ သတ်ဖူးတာပါ၊ သား၊ ငါးတွေ မသတ်ဖူးပါဘူး။ ဒါပေမယ့်ပေါ့လေ၊ မနှစ်က ရေမြေခြားကို ပြန်ခါနီးတော့ “သားလေး၊ အမေ ငါးရံ့ခြောက် လှမ်းထားလိုက်မယ်နော်” တဲ့၊ (သူ့သား ငါးရံ့ခြောက် ကြိုက်တာ အမေသိတာပေါ့) “အမေ၊ အရှင်တွေ မလုပ်နဲ့နော်”ဆိုတော့၊ “အင်းပါ၊ စိတ်ချ၊ အမေ ပံ့သကူရှာပြီး လုပ်ထားလိုက်မယ်”..။ ပြန်ခါနီးတော့ ငါးရံ့ခြောက်လေးတွေ လေယဉ်ပေါ် အနံ့မနံရအောင် အိတ်ကလေးတွေနဲ့ ထုတ်နေတုံး“အမေ အဲဒါတွေလုပ်တုံးက အရှင်တွေ ပါသေး လား”ဆိုတော့၊ သူ့သားပြန်ခါနီးလို့ စိတ်မကောင်း ဖြစ်နေတဲ့မျက်နှာလေး က ပြုံးရောင်သန်း သွား ပြီး“မပါပါဘူး သားရယ်”တဲ့လေ..။
အမေ့ကွယ်ရာရောက်မှ အစ်မက “အော်..ဦးဇင်းရယ်၊ ငါးရံ့ခြောက်ဆိုတာ အရှင်သတ်ပြီး တော့ကိုယ်တိုင် ဆားလူးပြီး လှမ်းမှကောင်းတာ၊ အမေက ဦးဇင်းအတွက်တမင်မှာပြီး လုပ်ထားတာ၊ ဦးဇင်းဆူမှာစိုးလို့ အရှင်မပါဘူးပြောတာ” အော်...အမေရယ်..။
တစ်ကယ်တော့လေ အမေဆိုတာ သားသမီးအတွက်ဆို မသွားရဲတဲ့လမ်းဆိုတာ မရှိသလို၊ မလုပ်ရဲတဲ့အလုပ်ဆိုတာလည်း မရှိပါဘူး၊ သားသမီး အမြင့်ရောက်ဘို့ သူ့ကျောကို အဆင်သင့် ခင်းပေးတတ်တာ အမေ၊ သားသမီး ကုသိုလ်ရဘို့ သူ့ဘ၀ကို အကုသိုလ်တွေနဲ့ ရင်းပေးတတ်တာ အမေ၊ အမေဟာလေ..သားသမီးအတွက်ဆိုရင်၊ ဆရာလိုလည်း လမ်းညွှန်တတ်သလို၊ တပည့်လို လည်း လိမ္မာပေးတတ်တယ်၊ သူရဲကောင်လိုလည်း အန္တရယ်တွေကို ကာဆီးပေးနိုင်တယ်။ အိုလေ ...အမေဆိုတာ... သားသမီးအတွက်၊ ဘယ်နေရာကမဆို နေပေးနိုင်ပါတယ်…။
“တော်ပြီ...နောင်…အမေ့ကို ငါးရံ့ခြောက်စားချင်တယ်လို့၊ ဘယ်တော့မှ မပြောတော့ဘူး.”
“မိဘ ကျေးဇူး အထူးသိတတ်ကြပါစေ”
အလင်းအိမ်(စေတနာပန်းခင်း)19.8.2011.
အလှူမင်္ဂလာ အစီအစဉ်
- အလှူအစနေ့.....၂၉.၄.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၂ ရက်၊ သောကြာနေ့)
- အလှူကြီး.........၃၀.၄.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၃ ရက်၊ စနေနေ့)
- ရှင်မည်ခံ..........၁.၅.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၄ ရက်၊ တနင်္ဂနွေနေ့)
- အလှူတော်နေရာ...ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာ၊ အလှူတော်မင်္ဂလာမဏ္ဍာပ်။ (ဖုန်း-၀၉-၄၉၇၁၇၂၉၄)
တန်ခူးလ္ဆုပ် ၁၃ ရက်နေ့၊ နံနက် ၇-နာရီ သိမ်တက်၊ ရဟန်းခံ၊ သိက္ခာထပ်အလှူတော်မင်္ဂလာ ခမောက်စုရွာ၊ ရွာလည်ကျောင်းတိုက်၌ ကျင်းပပါမည်၊
တန်ခူးလ္ဆုပ် ၁၃ ရက်နေ့ နံနက် ရှစ်နာရီမှ စ၍ ရပ်ဝေးရပ်နီးမှ ကြွရောက်လာကြကုန်သော ဧည့်ပရိတ်သတ် အပေါင်းတို့အား ဟင်းချို၊ ငံပြာရည်ကျော်၊ ပဲပင်ပေါက်၊ ငံပိရည်တို့ဖြင့် ဧည့်ခံကြွေးမွေးပါမည်၊ (ဧည့်ပရိသတ် တစ်ထောင် ကျော်ခန့်ကို ကြွေးမွေးလှူဒါန်းပါမည်)
နံနက် ဆယ်နာရီခွဲ၌ ပင့်သံဃာတော် အပါး(၂၀)အား၊ နေ့ဆွမ်းများဖြင့် ဆက်ကပ်လှူဒါန်းပါမည်။ နေ့လည် ၁၂ နာရီ၌ ရှင်အပါး ၂၈ပါး၊ ရဟန်းလောင်း ၄ပါးတို့အား မြင်းကှိုယ်စီဖြင့် ရှင်လောင်းလှည့်ပါမည်၊
ညနေ ၃ နာရီ၌ ဆံချပရိတ်တရားတော်နာ၍ လှူဒါန်းဘွယ် အစုစုတို့အား လှူဒါန်းကာ စုပေါင်း၍ ရေစက်သွန်းချ အမျှအတန်းပေးဝေပါမည်၊ (နတ်လူသာဓု ခေါ်စေသော်)ထို့နောက် ရှင်လောင်းများအား ဆံချ၍၊ သရဏဂုံသုံးပါး ဆောက်တည်စေကာ သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြင်ပါမည်။
တန်ခူးလ္ဆုပ် ၁၄ ရက်နေ့၌ ရှင်မည်ခံအလှူပွဲကျင်းပ၍ စေတနာပန်းခင်း ပထမအကြိမ် စုပေါင်းရဟန်းခံ၊ ရှင်ပြုပွဲအား အောင်မြင်စွာ သိမ်းဆည်းပါမည်။
(တန်ခူးလ္ဆုပ် ၁၃ ရက်နေ့၌ တစ်နေကုန် လာသမျှဧည့် ပရိသတ်များအား ဧည့်ခံကြွေးမွေးပါမည်)
စေတနာပန်းခင်း စုပေါင်းရှင်ပြုပွဲ အလှူရှင်များ
၁၊ ကိုဝမ်ချိုင်+မခင်မိုးဝင်း၊ မောင်-ကိုစိုးမင်းနောင် မိသားစု(ဘန်ကောက်) ဘတ်ငွေ=တစ်သောင်း ခုနှစ်ထောင်
၂။ မသန်းသန်းဌေး၊မအေးအေးသန်း (ပန်းကမ္ဘာ အထည်ဆိုင် ယုဇနပလာဇာ) မြန်မာငွေ=ငါးသိန်း
၃။ မစိုးစိုးလှိုင် (ဘန်ကောက်) ဘတ်ငွေ =နှစ်ထောင်
၎။ မယဉ်ယဉ်အောင်(ဘန်ကောက်) ဘတ်ငွေ =နှစ်ထောင်
၅။ မဘက်တီ (ဘန်ကောက်) ဘတ်ငွေ =နှစ်ထောင်
၆။ ဒေါ်စကွန်ရိုင်း(ဘန်ကောက်) ဘတ်ငွေ=တစ်ထောင်
၇။ ဒေါ်သန်းသန်းစိုး (ဘန်ကောက်) ဘတ်ငွေ =တစ်ထောင်
၈။ ဒေါ်မေ၀င်း၊ ဒေါ်မာမာဌေး(ဘန်ကောက်) ဘတ်ငွေ =တစ်ထောင်
၉။ မချိုမီလာအောင်(Vega travel, Thailand) ဘတ်ငွေ =တစ်ထောင်
၁၀။မမိုးပြာ(ဘန်ကောက်) ဘတ်ငွေ =တစ်ထောင်
၁၁။မဂျူးဂျူး(ဘန်ကောက်) ဘတ်ငွေ=တစ်ထောင်
၁၂။ မယဉ်ယဉ်ဝင်း(ကြည့်မြင်တိုင်) မြန်မာငွေ=တစ်သိန်း
၁၃။ ကိုသန်းဇော်လင်း+မသူသူဝင်း(ဘန်ကောက်) ဘတ်ငွေ ငါးရာ
၁၄။ မောင်စောဝင်းနွယ်+မချောချောဇံ (ဘန်ကောက်) သုံးထောင်
၁၅။ မမြတ်လေးနွယ် မိသားစု(ဘန်ကောက်) ဘတ်ငွေ ငါးရာ
၁၆။ မောင်သူရစိုး+သန်းသန်းဆင့် (ဘန်ကောက်) ဘတ်ငွေ ငါးရာ
စုစုပေါင်း မြန်မာငွေတန်ဘိုး တစ်ဆယ့်ငါးသိန်း ကျော်ခန့်၊ နတ်၊လူသာဓုခေါ်စေသော်။
အရှင်တေဇာနန္ဒ(စေတနာပန်းခင်း)
ပျော်ရွှင်ရသောနေ့တစ်နေ့
“အေးပေါ့၊ စီးရမှာပေါ့ သားတို့ရဲ့”
“ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေရော ရိုက်မှာနော်”
“ရိုက်ပေးမယ်။ စိတ်ချ၊ သားတို့သာ စာကြိုးစား၊
နောင်နှစ်သားတို့ ရှင်ပြုရင် မြင်းကြီးတွေလည်း စီးရမယ်၊
ဓါတ်ပုံတွေ ဗွီဒီယိုတွေလည်း အများကြီးရိုက်ပေးမယ်”
“ဟေး၊ ဒါမှ ဒို့ ဘုန်းဘုန်းကွ”
ပဟေဠိဆန်သော ထိုတစ်နေ့
“တာမွေဗလီ ပါလား …တာမွေဗလီ ဆင်းမယ့် အကိုအမများ တိုးထားပေးကြပါ”
ကားစပါယ်ယာ၏ အော်သံကြောင့်လန့်နိုးသွားရပါ
စုပေါင်းရှင်ပြုပွဲ (စေတနာပန်းခင်း)
စေတနာပန်းခင်း စာကြည့်တိုက်
“ဟာ...ဒကာမကြီးကလည်း စာကြည့်တိုက်ဆိုတာ...စာအုပ်ရယ်၊
စာဖတ်တဲ့ သူရယ်ရှိရင်
စာကြည့်တိုက်ဖြစ်ပါပြီ၊ အဆောက်အဦး မလိုပါဘူးဗျာ။”
စေတနာပန်းခင်း စာကြည့်တိုက် စဖွင့်မယ်လုပ်တော့ ဒကာမကြီးတစ်ယောက် က “ဦးဇင်းက စာကြည့်တိုက် လုပ်မယ် ဆိုတော့ အဆောက်အဦးရှိလို့လား” ဆိုတဲ့ မေးခွန်းလေးကို စာရေးသူက ဒီတိုင်းလေးပဲ ပြန်ဖြေခဲ့ ပါတယ်။ သူ့သဘောကတော့ စာကြည့်တိုက်လုပ်မယ်ဆိုရင် အဆောက်အဦးရှိမှ ဖြစ်မယ်ဆိုတဲ့ သဘောပါ။ အဆောက်အဦးဆိုတာ မလိုအပ်ဘူးတော့ မဟုတ်ပါဘူး။ အဓိကနေရာကကို လိုအပ်ပါတယ်။ ဒါပေမယ့် အဆောက်အဦးရှိမှ စာကြည့်တိုက် လုပ်မယ်ဆိုရင်လည်း သာမာန်စာသင်သား ရဟန်းတစ်ပါးအတွက် စာကြည့်တိုက်ဆိုတာ “ဘယ်ဆီမျှော်မှန်း တမ်းတရမလဲ” ဆိုသလိုဖြစ်နေပါလိမ့်မယ်။ စာရေးသူက ငယ်ငယ် ကတည်းက စာဖတ်တာ အလွန်ဝါသနာထုံသလို၊ “ငါအရွယ်ရောက်ရင် စာကြည့်တိုက် လုပ်မယ်”ဆိုတဲ့ အတွေးက ဘယ်အရွယ်ကတည်းက အသွေးထဲ၊ အသားထဲမှာစွဲနေမှန်းမသိပါဘူး။ စာကြည့် တိုက်ကို တော်တော်လေးကို ၀ါသနာပါပါတယ်။ စာရေးသူငယ်စဉ်က ဦးဇင်းတစ်ပါးက အပြောကောင်းကောင်းနဲ့ ဦးနုရဲ့ မိတ္တဗလဋီကာ စာ အုပ်အကြောင်းကို အထဲက စာတွေလည်းပြောပြ၊ စာအုပ်ကောင်းကြောင်းလည်း ညွှန်းပြပါတယ်။ အဲဒိတော့ ဆယ့်သုံးနှစ်သားလောက်သာရှိသေးတဲ့ စာရေးသူဟာ အဲဒိစာအုပ်ကို မဖတ်ဖူးသေးပဲ နဲ့ သိပ်ကိုကြိုက်သွားပါတယ်။ ဒါနဲ့ စာအုပ်ဆိုင်မှာ သွားမေးတယ်။ ဈေးက သုံးရာပါတဲ့။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် ခန့်က သုံးရာဆိုတာ စာသင် သားကိုရင်ငယ်လေးတစ်ပါးအတွက် အလွန်ကိုများပါတယ်။ ဒါပေမယ့် စာရေးသူ အဲဒိစာအုပ်ကို ရှိစုမဲ့စုလေးနဲ့ ၀ယ်လိုက်တယ်။ ဒါပေမယ့် တစ်ကယ်လည်းဖတ်ကြည့်ရော အဲဒိထဲက စာတွေကို စာရေးသူ တစ်လုံးမှနားမလည် ပါဘူး။ မြန်မာလိုတွေ ရေးထားတာပါပဲ။
ဘုံ၊ ဘ၀တွေဆိုတာ တစ်ကယ်ရှိရဲ့လား...?
(၃၁)ဘုံ ရှိ၊ မရှိ အမေးပုစ္ဆာ
၂၀၁၁-ခု၊ ၂-လပိုင်း၊ ၁၃-ရက်နေ့က စတင်ပြိးတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဗုဒ္ဓဓမ္မ သင်တန်း လေး တစ်ခုဖွင့်ဖြစ်ခဲ့ပါတယ်။ ဒီသင်တန်းလေး ဖြစ်မြောက်လာဘို့ အဓိက ကျေးဇူးပြုတဲ့သူ တွေကတော့ ကိုလင်းနိုင်နဲ့ ဓမ္မမိတ်ဆွေ သူငယ်ချင်းတစ်စုပါ။ ၁၃-ရက်နေ့ကတော့ သင်တန်းအစ နေ့ဆိုတော့ သင်တန်းသားသိပ်မများ လှပါဘူး။
ကျေးလက် အလှတရား
နေ့စဉ် ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးတွေ ဆက်ကပ်ရအောင်
“ဆွမ်းတော်ကပ်”
အရဟတာဒိ န၀ဂုဏေဟိ၊ အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်။
နေ့စဉ်မေတ္တာလေးနဲ့ အတူနေရအောင်
လောကမှာ ဒေါသလောက် အဖျက်စွမ်းအားကြိးတဲ့ လက်နှက်မရှိသလို မေတ္တာလောက် အေးချမ်းစေတဲ့ ချမ်းသာလည်းမရှိပါဘူး။ မေတ္တာဆိုတာ ထားရှိရင် ထားရှိသလောက် ကိန်းအောင်းတဲ့ လူတိုင်းရဲ့ ရင်ထဲကို လူမျိုးမရွေး၊ ဘာသာမရွေး အေးချမ်းစေတာ အမှန်ပါ၊ ဒါကြောင့် မေတ္တာနဲ့ပဲ အတူနေရအောင်လေ....
ငါမဟုတ်သော ငါ
ငါ မဟုတ်သော ငါ...
ငါ့ စိတ်ဓါတ်ကို ငါမြတ်နိုးတယ် ငါ....ငါ....ငါ...
ငါ မဟုတ်သော ငါ...။
တစ်ခါတစ်ရံ လောကအလယ်မှာ နိန္န၊ ကဲ့ရဲ့ခြင်း။ ပသန္န၊ ချီးမွမ်းခြင်း ဆိုတဲ့ လောကဓံတွေနဲ့ ကြုံလာတိုင်း ရေးဖြစ်ခဲ့တဲ့ စာလေးပါ။ ဟုတ်ပါတယ်။ တစ်ခါတစ်လေကျတော့ လူတွေရဲ့ ပါတ်ဝန်းကျင်အလယ်မှာ “ငါ” မဟုတ်သော “ငါ” တွေကို မကြာခဏဆိုသလို ရှာတွေ့နေရပါတယ်။ ဟိုလူက တစ်မျိုးထင်၊ ဒီလူက တစ်မျိုးထင်နဲ့ အဲဒိအထင်တွေတိုင်းသာ “ငါ” ဖြစ်နေမယ်ဆိုရင် လောကမှာ “ငါ”တွေကုန်မှာ မဟုတ်တော့ပါဘူး။ စာရေးသူ အနေနဲ့တော့ အဲဒိ “ငါ” ပေါင်များစွာရဲ့ နှိပ်စက်ခြင်းဒါဏ်တွေကို သိပ်မခံစားရတော့ပါဘူး။ ဘာလို့လဲဆိုတော့ ခန္ဓာသိနဲ့ မဟုတ်သေးပေမယ့် ဥာဏ်သိအနေနဲ့ စာရေးသူ “ငါ” ကိုရှာမရတော့တာတော်တော်လေးကို ကြာခဲ့ ပါပြီ။ ကိုယ့်ကိုယ်ကိုတောင် “ငါ”ဆိုတာ ရှာမရတော့တဲ့သူအတွက် ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေက နှိပ်စက်အပ်တဲ့ “ငါ” ဆိုတာတော့ စာရေးသူအတွက် သိပ်ပြဿနာ မရှိတော့ပါဘူး။ စာရေးသူ မကြာခဏ စိတ်ငြိမ်မှုလေး တစ်ခုရတဲ့အခါတိုင်း စဉ်းစားမိတယ်၊ “ဘယ်ဟာ ငါလဲ” ဦးခေါင်းကို ငါလို့ခေါ်တာလား၊ ၀မ်းဗိုက်ကို ငါလို့ခေါ်တာ လား၊ ဒါမှမဟုတ်၊ ခြေတွေ၊ လက်တွေလား၊ အူတွေ၊ အသည်းတွေ၊ နှလုံးတွေကရော၊ ငါထဲကို မပါဘူးလား၊ ဘယ်ဟာက ငါလဲ။ ခန္ဓာကိုယ် အစိပ်အပိုင်းတွေအားလုံးစုံမှ “ငါ” လို့ခေါ်တယ်ဆိုရင် ကျန်းမာရေး မကောင်းလို့ နှလုံးခွဲစိတ်ထားတဲ့ သူအတွက်ကရော ဘယ်ဟာ “ငါ”လဲ။ ဆက်လက်ပြီး အသက်ရှင်သန်ဘို့အတွက် ထုတ်ပစ် လိုက်ရတဲ့ နှလုံးကရော “ငါ” မဟုတ်တော့ဘူးလား။
ရှောင်လွှဲ၍မရသော အမှန်တရား
ရှောင်လွှဲ၍ မရသော အမှန်တရားများ (သို့) လက္ခဏာ (၃)ပါး။
ဒီနေ့တော့ ကိုထွန်းအောင် ရဲ့ မေးခွန်း သုံးခုအနက် နံပါတ်(၂)မေးခွန်းဖြစ်တဲ့ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတို့ရဲ့ အဓိပ္ပါယ်ကို တပည့်တော်နားလည်အောင် ရှင်းပြပါ”ဆိုတဲ့ မေးခွန်းကို ဆွေးနွေးပေးပါ့မယ်။ ဒီသုံးပါးကို ခေါင်းစဉ် အနေအားဖြင့် “လက္ခဏာယဉ်” သုံးပါးလို့ခေါ်ပါတယ်။ လက္ခဏာဆိုတာကတော့ “သဘာဝတရား၊ အမှန်တရား၊ မဖောက်မပြန် မှန်ကန်သောသဘာဝ” လို့အဓိပ္ပါယ်ရပါတယ်။ ဗုဒ္ဓဘာသာ အများစုဟာ အနိစ္စ၊ မမြဲခြင်း၊ ဒုက္ခ၊ ဆင်းရဲခြင်း။ အနတ္တ၊ အစိုးမရခြင်း ဆိုတဲ့ အကြမ်းမျဉ်းအဓိပ္ပါယ်ကိုတော့ အားလုံးသိနေကြပါတယ်။ ဒါပေမယ့် ဘယ်လို မမြဲတာလဲ၊ ဆင်းရဲခြင်းက ဘယ်လိုလဲ၊ အစိုးမရဆိုတာ ဘာကိုပြောတာလဲ ဆိုရင်တော့ အဖြေရ တော်တော်ကြပ်ပါလိမ့် မယ်။
လောကကို အုပ်စိုးသော ဘုရင်တစ်ဆူ
(သို့မဟုတ်) ဒုက္ခသစ္စာ
လောကမှာ လူတွေ နေ့စဉ်နှင့်အမျှ လှုပ်ရှားရုန်းကန်နေကြတာ၊ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ နေ့စဉ် ပြေးလွှား နေကြတာဟာ “ချမ်းသာသုခ”ကိုရှာဖွေဘို့ အလုပ်များနေကြတာပါ။ ဘယ်လိုပဲ အပင်ပန်းခံပြီး သုခကိုရှာဖွေ သော်ငြားလည်း လူသားတွေနေ့စဉ်ရင်ဆိုင်ကြုံတွေ့နေကြရတာတော့ လောကရဲ့ အမှန်တရားဖြစ်တဲ့ ဒုက္ခသစ္စာ ပါပဲ။ ဒါဟာလည်း လုံးဝရှောင်လွှဲလို့မရတဲ့ “အမှန်တရားတစ်ခုပါ”။ တစ်ကယ်တော့ “ချမ်းသာဆိုတဲ့ သဘော ကိုက ဒုက္ခနဲ့ကင်းပြီး ရလာရိုးထုံးစံမရှိပါဘူး။ လောကီ အာရုံကာမဂုဏ်တရားတွေကို လူတွေက ချမ်းသာလို့ မှတ်ယူကြတာပါ၊ (မဂ်၊ ဖိုလ် မရသေးတဲ့သက်ရှိသတ္တ၀ါတိုင်းပေါ့)၊ ဒီချမ်းသာသုခတွေဟာ သောက်လေ သောက် လေငတ်မပြေ၊ နောက်ဆုံး သောက်နေရင်းနဲ့ပဲ ဒုက္ခရောက်ကြရတာပါပဲ။ ချမ်းသာနောက်ကို လိုက်နေသမျှတော့ ကိုယ့်အရိပ်ကို ဖမ်းမိဘို့ ကြိုးစားနေတဲ့ လူရူးတစ်ယောက်လို နောက်ဆုံးတော့ အမောစို့လဲကျရတဲ့နိဂုံးမှာ အဆုံးသတ်ကြရတာပါပဲ။
အဓိပ္ပါယ်ရှိသော တနင်္ဂနွေများ
“အဓိပ္ပါယ်ရှိသော တနင်္ဂနွေများ”
တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ဘုရားရဲ့ သြ၀ါဒလေးပါ။ ဒီလင်္ကာလေးကို ရင်ထဲမှာ နှလုံးသွင်းမိတိုင်း တစ်ခါ တစ်ရံ ကြည်နူးဝမ်းသာရလို၊ တစ်ခါတစ်ရံကျတော့လည်း၊ ကိုယ့်ကိုယ်ကို အားမရသလို၊ ၀မ်းနည်းသလို ခံစားချက်တွေ ဖြစ်နေပြန်တယ်။ ၀မ်းသာတာကတော့ “အော် ဘ၀ရဲ့ တန်ဘိုးဆိုတာတွေက၊ ဒါတွေပါလား” လို့ ဒီလင်္ကာလေး ရဲ့ ကျေးဇူးကြောင့် သိရတဲ့အတွက် အတိုင်းမသိဝမ်းသာမှုတွေဖြစ်မိတာပါ။ တစ်ခါတစ်ရံကျတော့ လည်း “ငါ့ဘ၀ မှာ ၀မ်းနည်းစရာတွေများနေသေးပါလားလို့ ဆင်ခြင်မိတိုင်း ကိုယ့်အတွက်ရော အများအတွက်ပါ၊ အားမရသလို၊ ၀မ်းနည်းသလို ခံစားမိပြန်ပါတယ်။ ကိုယ့်အတွက်ဆိုတာကတော့ ရှင်းပါတယ်။ ၇-နှစ်သားက စလို့ သာသနာ့ဘောင်ကို “သံသာရ ၀ဋ္ဋဒုက္ခတော...”ဆိုပြိး ၀င်ကိုရောက်ခဲ့ပေမယ့်၊ တစ်ကယ်တမ်း ရိုးရိုးသားသား ၀န်ခံရရင် အဲဒိ စကားကို ဆရာဘုန်းကြိးက ချပေးလို့ ဆိုခဲ့၊ရွတ်ခဲ့ရပေမယ့် စာသင်တိုက်မရောက်ခင် အချိန်ထိ သံသရာဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကိုတောင် မသိခဲ့ပါဘူး။ သိတဲ့အချိန်မှာလည်း “ရဟန်းဆိုတာ-သံသရာဘေးကို ကြောက်တတ်သောကြောင့် ရဟန်း”လို့မှတ်သားခဲ့ရပေမယ့် ဒီလိုပဲ အမှုမဲ့နေလာခဲ့တာ နှစ်ပေါင်းမနည်းပါဘူး။
ပရဟိတနှင့် ဘာသာတရား
ပရဟိတနှင့် ဘာသာတရား
အနည်းငယ်သော ကိုယ်ကျိုးကို ငဲ့ကွက်၍ သူတစ်ပါးအကျိုးကို လစ်လျူရှုသောသူသည် အတ္တသမား။
များစွာသော ကိုယ်ကျိုးကို စွန့်လွှတ်၍ သူတစ်ပါးအကျိုးကို သယ်ပိုးနိုင်သော သူသည် ပရဟိတသမား။
ယူဂိုစလားဗီးယားနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ သူနဲ့ လူမျိုးမတူ၊ ဘာသာမတူ၊ နိုင်ငံမတူတဲ့ အိန္ဒိယ နိုင်ငံမှာ အသက်ကိုးဆယ်ကျော်တဲ့ အထိ အိမ်ထောင်မပြုပဲ အများအတွက် တစ်ဘ၀လုံးပေးဆပ်ပေးသွား တဲ့ မာသာ ထရီဇာဟာ ခရစ်ယာန် ဘာသာဝင်ပါ။ ဗုဒ္ဓစာပေကို အမြတ်တနိုးတန်ဘိုးထားရင်း နိုင်ငံလွတ်လပ်ရေး အတွက် အသက်ပေးသွားတဲ့ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပြီး အိန္ဒိယပြည်သူတွေကို အနှိုင်းမဲ့ပေးဆပ်သွားတဲ့ ဟိန္ဒူဘာသာဝင် မဟတ္တမဂန္ဒီ၊