ပျော်ရွှင်ရသောနေ့တစ်နေ့

“ဘုန်းဘုန်း၊ သားတို့ ရှင်ပြုရင် မြင်းကြီးတွေစီးရမှာနော်”

“အေးပေါ့၊ စီးရမှာပေါ့ သားတို့ရဲ့”

“ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေရော ရိုက်မှာနော်”

“ရိုက်ပေးမယ်။ စိတ်ချ၊ သားတို့သာ စာကြိုးစား၊
နောင်နှစ်သားတို့ ရှင်ပြုရင် မြင်းကြီးတွေလည်း စီးရမယ်၊
ဓါတ်ပုံတွေ ဗွီဒီယိုတွေလည်း အများကြီးရိုက်ပေးမယ်”

“ဟေး၊ ဒါမှ ဒို့ ဘုန်းဘုန်းကွ”

ပဟေဠိဆန်သော ထိုတစ်နေ့

တာမွေဗလီ ပါလားတာမွေဗလီ ဆင်းမယ့် အကိုအမများ တိုးထားပေးကြပါ

ကားစပါယ်ယာ၏ အော်သံကြောင့်လန့်နိုးသွားရပါတယ်။ အာရုံကိုမနည်းစုစည်းပြီး ဆင်းရမယ့် မှတ်တိုင်ကို စဉ်းစားလိုက်သည်။ သီတာမှတ်တိုင် ဆိုတော့ နှစ်မှတ်တိုင်လိုပါသေးလား။ လှိုင်သာယာမှာ အလုပ်ဆင်းပြီး အဝေးသင်ဖြေဆိုရန် ကျူရှင်ကိုတော့ သီတာလမ်းက ဆရာမတစ်ယောက်ဆီမှာ တက်နေတဲ့ ကျွန်မ အတွက် ရွှေဧည့်သည် ကားပေါ်မှ အချိန်များဟာ များသောအားဖြင့် အိပ်စက်အနား ယူချိန်များသာ ဖြစ်တတ်ပါသည်။

စုပေါင်းရှင်ပြုပွဲ (စေတနာပန်းခင်း)

တတိယသင်္ဂါနာတင် မင်းကြီးဖြစ်တဲ့ ဘုရင် အသောကဟာ တစ်နေ့မှာ ရဟန္တာမထေရ် အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်ကို မေးလျှောက်ပါတယ်။ “အရှင်ဘုရား၊ မြတ်စွာဘုရားလက်ထက်ကနေစလို့ ဒီနေ့ခေတ်တိုင်အောင် သာသနာမှာ တပည့်တော်လောက် လှူဒါန်းတဲ့သူ ရှိပါသလား” ဆိုတော့ မထေရ်မြတ်က “ဒကာတော်မင်းကြီး ၊ မြတ်စွာဘုရား လက်ထက်ကနေ ယနေ့တိုင်အောင် ဒကာတော်မင်းကြီး လောက်လှူဒါန်းနိုင်တဲ့ သူမရှိပါဘူး” လို့ ချီးမြှောက်တော်မူပါတယ်။ အဲဒိလောက်ချီးမြှောက်နိုင်လောက်အောင် သူလှူထားတာတွေကို ကြည့်လိုက်မယ် ဆိုရင်လည်း ရေတွင်း ပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်းရှစ်သောင်းလေးထောင်၊ ကျောင်းပေါင်း ရှစ် သောင်းလေးထောင် စသည်အားဖြင့် လှူဒါန်းလိုက်တာ မဇ္ဈိမဒေမှာ သူ့ကုသိုလ်ကောင်းမှုတွေဟာ လက်ငြိုးထိုး မလွဲလောက်အောင် ရှိလှပါတယ်။ ရှစ်သောင်းလေးထောင် ဆိုတာကတော့ မြတ်ဗုဒ္ဓရဲ့ ဓမ္မက္ခန္ဓာေ ပါင်း ရှစ်သောင်းလေးထောင်ရှိတာကို ပူဇော်သောအားဖြင့် လှူဒါန်းတာဖြစ်ပါတယ်။

စေတနာပန်းခင်း စာကြည့်တိုက်


စေတနာပန်းခင်း စာကြည့်တိုက်

“ဟာ...ဒကာမကြီးကလည်း စာကြည့်တိုက်ဆိုတာ...စာအုပ်ရယ်၊

စာဖတ်တဲ့ သူရယ်ရှိရင်
စာကြည့်တိုက်ဖြစ်ပါပြီ၊ အဆောက်အဦး မလိုပါဘူးဗျာ။”

စေတနာပန်းခင်း စာကြည့်တိုက် စဖွင့်မယ်လုပ်တော့ ဒကာမကြီးတစ်ယောက် က “ဦးဇင်းက စာကြည့်တိုက် လုပ်မယ် ဆိုတော့ အဆောက်အဦးရှိလို့လား” ဆိုတဲ့ မေးခွန်းလေးကို စာရေးသူက ဒီတိုင်းလေးပဲ ပြန်ဖြေခဲ့ ပါတယ်။ သူ့သဘောကတော့ စာကြည့်တိုက်လုပ်မယ်ဆိုရင် အဆောက်အဦးရှိမှ ဖြစ်မယ်ဆိုတဲ့ သဘောပါ။ အဆောက်အဦးဆိုတာ မလိုအပ်ဘူးတော့ မဟုတ်ပါဘူး။ အဓိကနေရာကကို လိုအပ်ပါတယ်။ ဒါပေမယ့် အဆောက်အဦးရှိမှ စာကြည့်တိုက် လုပ်မယ်ဆိုရင်လည်း သာမာန်စာသင်သား ရဟန်းတစ်ပါးအတွက် စာကြည့်တိုက်ဆိုတာ “ဘယ်ဆီမျှော်မှန်း တမ်းတရမလဲ” ဆိုသလိုဖြစ်နေပါလိမ့်မယ်။ စာရေးသူက ငယ်ငယ် ကတည်းက စာဖတ်တာ အလွန်ဝါသနာထုံသလို၊ “ငါအရွယ်ရောက်ရင် စာကြည့်တိုက် လုပ်မယ်”ဆိုတဲ့ အတွေးက ဘယ်အရွယ်ကတည်းက အသွေးထဲ၊ အသားထဲမှာစွဲနေမှန်းမသိပါဘူး။ စာကြည့် တိုက်ကို တော်တော်လေးကို ၀ါသနာပါပါတယ်။ စာရေးသူငယ်စဉ်က ဦးဇင်းတစ်ပါးက အပြောကောင်းကောင်းနဲ့ ဦးနုရဲ့ မိတ္တဗလဋီကာ စာ အုပ်အကြောင်းကို အထဲက စာတွေလည်းပြောပြ၊ စာအုပ်ကောင်းကြောင်းလည်း ညွှန်းပြပါတယ်။ အဲဒိတော့ ဆယ့်သုံးနှစ်သားလောက်သာရှိသေးတဲ့ စာရေးသူဟာ အဲဒိစာအုပ်ကို မဖတ်ဖူးသေးပဲ နဲ့ သိပ်ကိုကြိုက်သွားပါတယ်။ ဒါနဲ့ စာအုပ်ဆိုင်မှာ သွားမေးတယ်။ ဈေးက သုံးရာပါတဲ့။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် ခန့်က သုံးရာဆိုတာ စာသင် သားကိုရင်ငယ်လေးတစ်ပါးအတွက် အလွန်ကိုများပါတယ်။ ဒါပေမယ့် စာရေးသူ အဲဒိစာအုပ်ကို ရှိစုမဲ့စုလေးနဲ့ ၀ယ်လိုက်တယ်။ ဒါပေမယ့် တစ်ကယ်လည်းဖတ်ကြည့်ရော အဲဒိထဲက စာတွေကို စာရေးသူ တစ်လုံးမှနားမလည် ပါဘူး။ မြန်မာလိုတွေ ရေးထားတာပါပဲ။

ဘုံ၊ ဘ၀တွေဆိုတာ တစ်ကယ်ရှိရဲ့လား...?

(၃၁)ဘုံ ရှိ၊ မရှိ အမေးပုစ္ဆာ


၂၀၁၁-ခု၊ ၂-လပိုင်း၊ ၁၃-ရက်နေ့က စတင်ပြိးတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဗုဒ္ဓဓမ္မ သင်တန်း လေး တစ်ခုဖွင့်ဖြစ်ခဲ့ပါတယ်။ ဒီသင်တန်းလေး ဖြစ်မြောက်လာဘို့ အဓိက ကျေးဇူးပြုတဲ့သူ တွေကတော့ ကိုလင်းနိုင်နဲ့ ဓမ္မမိတ်ဆွေ သငယ်ချင်းတစ်စုပါ။ ၁၃-ရက်နေ့ကတော့ သင်တန်းအစ နေ့ဆိုတော့ သင်တန်းသားသိပ်မများ လှပါဘူး။

ကျေးလက် အလှတရား

စေတနာပန်းခင်း ယဉ်ကျေးမှု(၁၊ မဟာသာ)
လွန်ခဲ့သော သုံးနှစ်တာကာလ၊ အမေ့အိမ်လေးရဲ့ အနောက်ဘက်၊ ချောင်း ရေစပ် လေးနားက ရေမကျည်းပင်ရိပ်မှာ ဖျာစုတ် လေးတစ်ခုနဲ့ ရေမကျည်း ပင်ရွက် ကလေးတွေ ဖြန့်ခင်းလို့ ပက်ကြားအက်နေတဲ့ သာယာတဲ့ ကမ်းနဖူး လေးဟာ စာရေးသူရဲ့ “စေတနာပန်းခင်း” စတင်ခဲ့ရာ သင်တန်းကျောင်း လေးပဲ ဖြစ်ပါတယ်။ သင်တန်းသားတွေကတော့ နှပ်ချေးပေးထူကလေး ခြောက်ယောက်နဲ့ သူ့သားလုပ်သမျှကို အမြဲတမ်း ပရိတ်သတ်အဖြစ် အားပေး မြဲဖြစ်တဲ့ အမေ ပဲပေါ့။ ဒီ ကလေးတွေတောင် စာရေးသူက ၀ါသနာပါလွန်းလို့ အမေကိုယ်တိုင် လိုက်စုပေးထားတဲ့ “ပဲနှုတ်ပြန်” ကလေးတွေပါ။ အဲဒိကလေးတွေ ရေသောက်ဘို့လည်း အမေကပဲ ရေတုံကင်က ခပ်ပေးရပါတယ်။ သကြားလုံး လေးတွေနဲ့ မှတ်ထားမိသမျှ ပုံပြင်လေးတွေကတော့ စာရေးသူရဲ့ အကောင်းဆုံးကလေး ချော့တေး တွေပဲပေါ့။ စာရေးသူတို့ရွာလေးဟာ ချောင်းလေးတစ်ခုကို တစ်ဖက်တစ်ချက်စီ ကနေ အိမ်တန်း နှစ်တန်းစီ ခွဆောက်ပြီး ရွာ တည်ထားတဲ့ သာယာတဲ့ ရွာလေးတစ်ရွာပါ။

နေ့စဉ် ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးတွေ ဆက်ကပ်ရအောင်

“ဆွမ်းတော်ကပ်”

အရဟတာဒိ န၀ဂုဏေဟိ၊ အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်။

နေ့စဉ်မေတ္တာလေးနဲ့ အတူနေရအောင်

လောကမှာ ဒေါသလောက် အဖျက်စွမ်းအားကြိးတဲ့ လက်နှက်မရှိသလို မေတ္တာလောက် အေးချမ်းစေတဲ့ ချမ်းသာလည်းမရှိပါဘူး။ မေတ္တာဆိုတာ ထားရှိရင် ထားရှိသလောက် ကိန်းအောင်းတဲ့ လူတိုင်းရဲ့ ရင်ထဲကို လူမျိုးမရွေး၊ ဘာသာမရွေး အေးချမ်းစေတာ အမှန်ပါ၊ ဒါကြောင့် မေတ္တာနဲ့ပဲ အတူနေရအောင်လေ....

ခုနှစ်နေ့ ဘုရားရှိခိုး

ကြာသပတေးနေ့ ပဋိသန္ဓေယူ(အမိဝမ်းတိုက်သို့ ၀င်စားခြင်း)

သုံးလူ့ရှင်ပင်ကျွန်းထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊

ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊

နတ်လူငြိမ်းဘို့၊ ကိန်းပါကို။

ငါမဟုတ်သော ငါ

ငါ မဟုတ်သော ငါ...

ငါ့ သဒ္ဓါကို ငါယုံတယ်၊ ငါ့ လိပ်ပြာ ငါသန့်တယ်၊
ငါ့ စိတ်ဓါတ်ကို ငါမြတ်နိုးတယ် ငါ....ငါ....ငါ...
ငါ မဟုတ်သော ငါ...။

တစ်ခါတစ်ရံ လောကအလယ်မှာ နိန္န၊ ကဲ့ရဲ့ခြင်း။ ပသန္န၊ ချီးမွမ်းခြင်း ဆိုတဲ့ လောကဓံတွေနဲ့ ကြုံလာတိုင်း ရေးဖြစ်ခဲ့တဲ့ စာလေးပါ။ ဟုတ်ပါတယ်။ တစ်ခါတစ်လေကျတော့ လူတွေရဲ့ ပါတ်ဝန်းကျင်အလယ်မှာ “ငါ” မဟုတ်သော “ငါ” တွေကို မကြာခဏဆိုသလို ရှာတွေ့နေရပါတယ်။ ဟိုလူက တစ်မျိုးထင်၊ ဒီလူက တစ်မျိုးထင်နဲ့ အဲဒိအထင်တွေတိုင်းသာ “ငါ” ဖြစ်နေမယ်ဆိုရင် လောကမှာ “ငါ”တွေကုန်မှာ မဟုတ်တော့ပါဘူး။ စာရေးသူ အနေနဲ့တော့ အဲဒိ “ငါ” ပေါင်များစွာရဲ့ နှိပ်စက်ခြင်းဒါဏ်တွေကို သိပ်မခံစားရတော့ပါဘူး။ ဘာလို့လဲဆိုတော့ ခန္ဓာသိနဲ့ မဟုတ်သေးပေမယ့် ဥာဏ်သိအနေနဲ့ စာရေးသူ “ငါ” ကိုရှာမရတော့တာတော်တော်လေးကို ကြာခဲ့ ပါပြီ။ ကိုယ့်ကိုယ်ကိုတောင် “ငါ”ဆိုတာ ရှာမရတော့တဲ့သူအတွက် ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေက နှိပ်စက်အပ်တဲ့ “ငါ” ဆိုတာတော့ စာရေးသူအတွက် သိပ်ပြဿနာ မရှိတော့ပါဘူး။ စာရေးသူ မကြာခဏ စိတ်ငြိမ်မှုလေး တစ်ခုရတဲ့အခါတိုင်း စဉ်းစားမိတယ်၊ “ဘယ်ဟာ ငါလဲ” ဦးခေါင်းကို ငါလို့ခေါ်တာလား၊ ၀မ်းဗိုက်ကို ငါလို့ခေါ်တာ လား၊ ဒါမှမဟုတ်၊ ခြေတွေ၊ လက်တွေလား၊ အူတွေ၊ အသည်းတွေ၊ နှလုံးတွေကရော၊ ငါထဲကို မပါဘူးလား၊ ဘယ်ဟာက ငါလဲ။ ခန္ဓာကိုယ် အစိပ်အပိုင်းတွေအားလုံးစုံမှ “ငါ” လို့ခေါ်တယ်ဆိုရင် ကျန်းမာရေး မကောင်းလို့ နှလုံးခွဲစိတ်ထားတဲ့ သူအတွက်ကရော ဘယ်ဟာ “ငါ”လဲ။ ဆက်လက်ပြီး အသက်ရှင်သန်ဘို့အတွက် ထုတ်ပစ် လိုက်ရတဲ့ နှလုံးကရော “ငါ” မဟုတ်တော့ဘူးလား။

ရှောင်လွှဲ၍မရသော အမှန်တရား

ရှောင်လွှဲ၍ မရသော အမှန်တရားများ (သို့) လက္ခဏာ (၃)ပါး။

ဒီနေ့တော့ ကိုထွန်းအောင် ရဲ့ မေးခွန်း သုံးခုအနက် နံပါတ်(၂)မေးခွန်းဖြစ်တဲ့ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတို့ရဲ့ အဓိပ္ပါယ်ကို တပည့်တော်နားလည်အောင် ရှင်းပြပါ”ဆိုတဲ့ မေးခွန်းကို ဆွေးနွေးပေးပါ့မယ်။ ဒီသုံးပါးကို ခေါင်းစဉ် အနေအားဖြင့် “လက္ခဏာယဉ်” သုံးပါးလို့ခေါ်ပါတယ်။ လက္ခဏာဆိုတာကတော့ “သဘာဝတရား၊ အမှန်တရား၊ မဖောက်မပြန် မှန်ကန်သောသဘာဝ” လို့အဓိပ္ပါယ်ရပါတယ်။ ဗုဒ္ဓဘာသာ အများစုဟာ အနိစ္စ၊ မမြဲခြင်း၊ ဒုက္ခ၊ ဆင်းရဲခြင်း။ အနတ္တ၊ အစိုးမရခြင်း ဆိုတဲ့ အကြမ်းမျဉ်းအဓိပ္ပါယ်ကိုတော့ အားလုံးသိနေကြပါတယ်။ ဒါပေမယ့် ဘယ်လို မမြဲတာလဲ၊ ဆင်းရဲခြင်းက ဘယ်လိုလဲ၊ အစိုးမရဆိုတာ ဘာကိုပြောတာလဲ ဆိုရင်တော့ အဖြေရ တော်တော်ကြပ်ပါလိမ့် မယ်။

လောကကို အုပ်စိုးသော ဘုရင်တစ်ဆူ

(သို့မဟုတ်) ဒုက္ခသစ္စာ

လောကမှာ လူတွေ နေ့စဉ်နှင့်အမျှ လှုပ်ရှားရုန်းကန်နေကြတာ၊ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ နေ့စဉ် ပြေးလွှား နေကြတာဟာ “ချမ်းသာသုခ”ကိုရှာဖွေဘို့ အလုပ်များနေကြတာပါ။ ဘယ်လိုပဲ အပင်ပန်းခံပြီး သုခကိုရှာဖွေ သော်ငြားလည်း လူသားတွေနေ့စဉ်ရင်ဆိုင်ကြုံတွေ့နေကြရတာတော့ လောကရဲ့ အမှန်တရားဖြစ်တဲ့ ဒုက္ခသစ္စာ ပါပဲ။ ဒါဟာလည်း လုံးဝရှောင်လွှဲလို့မရတဲ့ “အမှန်တရားတစ်ခုပါ”။ တစ်ကယ်တော့ “ချမ်းသာဆိုတဲ့ သဘော ကိုက ဒုက္ခနဲ့ကင်းပြီး ရလာရိုးထုံးစံမရှိပါဘူး။ လောကီ အာရုံကာမဂုဏ်တရားတွေကို လူတွေက ချမ်းသာလို့ မှတ်ယူကြတာပါ၊ (မဂ်၊ ဖိုလ် မရသေးတဲ့သက်ရှိသတ္တ၀ါတိုင်းပေါ့)၊ ဒီချမ်းသာသုခတွေဟာ သောက်လေ သောက် လေငတ်မပြေ၊ နောက်ဆုံး သောက်နေရင်းနဲ့ပဲ ဒုက္ခရောက်ကြရတာပါပဲ။ ချမ်းသာနောက်ကို လိုက်နေသမျှတော့ ကိုယ့်အရိပ်ကို ဖမ်းမိဘို့ ကြိုးစားနေတဲ့ လူရူးတစ်ယောက်လို နောက်ဆုံးတော့ အမောစို့လဲကျရတဲ့နိဂုံးမှာ အဆုံးသတ်ကြရတာပါပဲ။

အဓိပ္ပါယ်ရှိသော တနင်္ဂနွေများ

“အဓိပ္ပါယ်ရှိသော တနင်္ဂနွေများ”


“ကုသိုလ်၊ ဥစ္စာ ကျန်းခန့်သာ၍၊ ပညာ တန်ခိုး၊ တစ်မျိုးမှ၊ အကျိုးမထွက် ထိုနေ့တွက်၊ သက်သက်ဝမ်းနည်းဘွယ်”

တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ဘုရားရဲ့ သြ၀ါဒလေးပါ။ ဒီလင်္ကာလေးကို ရင်ထဲမှာ နှလုံးသွင်းမိတိုင်း တစ်ခါ တစ်ရံ ကြည်နူးဝမ်းသာရလို၊ တစ်ခါတစ်ရံကျတော့လည်း၊ ကိုယ့်ကိုယ်ကို အားမရသလို၊ ၀မ်းနည်းသလို ခံစားချက်တွေ ဖြစ်နေပြန်တယ်။ ၀မ်းသာတာကတော့ “အော် ဘ၀ရဲ့ တန်ဘိုးဆိုတာတွေက၊ ဒါတွေပါလား” လို့ ဒီလင်္ကာလေး ရဲ့ ကျေးဇူးကြောင့် သိရတဲ့အတွက် အတိုင်းမသိဝမ်းသာမှုတွေဖြစ်မိတာပါ။ တစ်ခါတစ်ရံကျတော့ လည်း “ငါ့ဘ၀ မှာ ၀မ်းနည်းစရာတွေများနေသေးပါလားလို့ ဆင်ခြင်မိတိုင်း ကိုယ့်အတွက်ရော အများအတွက်ပါ၊ အားမရသလို၊ ၀မ်းနည်းသလို ခံစားမိပြန်ပါတယ်။ ကိုယ့်အတွက်ဆိုတာကတော့ ရှင်းပါတယ်။ ၇-နှစ်သားက စလို့ သာသနာ့ဘောင်ကို “သံသာရ ၀ဋ္ဋဒုက္ခတော...”ဆိုပြိး ၀င်ကိုရောက်ခဲ့ပေမယ့်၊ တစ်ကယ်တမ်း ရိုးရိုးသားသား ၀န်ခံရရင် အဲဒိ စကားကို ဆရာဘုန်းကြိးက ချပေးလို့ ဆိုခဲ့၊ရွတ်ခဲ့ရပေမယ့် စာသင်တိုက်မရောက်ခင် အချိန်ထိ သံသရာဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကိုတောင် မသိခဲ့ပါဘူး။ သိတဲ့အချိန်မှာလည်း “ရဟန်းဆိုတာ-သံသရာဘေးကို ကြောက်တတ်သောကြောင့် ရဟန်း”လို့မှတ်သားခဲ့ရပေမယ့် ဒီလိုပဲ အမှုမဲ့နေလာခဲ့တာ နှစ်ပေါင်းမနည်းပါဘူး။

ပရဟိတနှင့် ဘာသာတရား

ပရဟိတနှင့် ဘာသာတရား

အနည်းငယ်သော ကိုယ်ကျိုးကို ငဲ့ကွက်၍ သူတစ်ပါးအကျိုးကို လစ်လျူရှုသောသူသည် အတ္တသမား။
များစွာသော ကိုယ်ကျိုးကို စွန့်လွှတ်၍ သူတစ်ပါးအကျိုးကို သယ်ပိုးနိုင်သော သူသည် ပရဟိတသမား။

စာရေးသူကတော့ အတ္တနဲ့ ပရဆိုတာကို ဒီလိုလေးပဲ ခွဲခြားထား လိုက်ပါ တယ်။ ပရ ဆိုတာ၊ သူတစ်ပါး။ ဟိတ ဆိုတာ ကောင်းကျိုးကို ဆောင် ရွက်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အဲဒိလို အများအကျိုးဆောင်ရွက်တဲ့ နေရာမှာ အလုပ်နဲ့ စေတနာကိုပဲ ခွဲခြားနိုင်ပြိးတော့ ဘာသာ၊လူမျိုး တော့ ခွဲခြားလို့မရပါဘူး။
ယူဂိုစလားဗီးယားနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ သူနဲ့ လူမျိုးမတူ၊ ဘာသာမတူ၊ နိုင်ငံမတူတဲ့ အိန္ဒိယ နိုင်ငံမှာ အသက်ကိုးဆယ်ကျော်တဲ့ အထိ အိမ်ထောင်မပြုပဲ အများအတွက် တစ်ဘ၀လုံးပေးဆပ်ပေးသွား တဲ့ မာသာ ထရီဇာဟာ ခရစ်ယာန် ဘာသာဝင်ပါ။ ဗုဒ္ဓစာပေကို အမြတ်တနိုးတန်ဘိုးထားရင်း နိုင်ငံလွတ်လပ်ရေး အတွက် အသက်ပေးသွားတဲ့ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပြီး အိန္ဒိယပြည်သူတွေကို အနှိုင်းမဲ့ပေးဆပ်သွားတဲ့ ဟိန္ဒူဘာသာဝင် မဟတ္တမဂန္ဒီ၊