မိုးလေးက တစ်ဖျောက်ဖျောက်နဲ့ တိတ်ဆိတ်တဲ့ အခန်းထဲ တစ်ပါးတည်းရှိနေခိုက်မှာ၊ အမှတ် တမဲ့ တွံတွေး သိန်းတန်ရဲ့ ကျေးလက်သီချင်းလေး ကြားလိုက်ရတော့ အမေ့ကို သတိယလိုက်တာ၊ (တွံတွေးသိန်းတန်သီချင်းတွေကို အမေသိပ်ကြိုက်တယ်လေ)၊ဟိုး...လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က ဆို၊ ဒီလို ချမ်းအေးတဲ့ မိုးတဖွဲဖွဲကျတဲ့ ညတွေမှာ မောင်နှမ သုံးယောက်သား၊ မိုးပေါက်မကျတဲ့ ခေါင်းရင်းဘက်ကိုတိုး၊ ဖျားကို အပေါ်ကို ပြန်လိပ်တင်ပြီး ဖျာလိပ်ထဲမှာ ဆက်အိပ်ကြတာပါပဲ၊ ဓနိမိုးထားတဲ့ အမေ့အိမ်လေးမှာ ဒီလိုမိုးတွေ တစ်ဖွဲဖွဲရွာပြီဆိုရင် ဟိုနေရာက မိုးယို၊ ဒီနေရာက မိုးယိုနဲ့၊ မိုးပေါက်တွေက နေရာမလပ် ကျလာတတ်ပါတယ်၊ အဲလို မိုးတွေ ယိုလာပြီဆိုရင်တော့ အမေ့မှာ အသင့်ကောက်ပြီး စုဆောင်းထားတဲ့ ၀ါးဘတ်လေးတွေနဲ့ မိုးပေါက်ကျရာနေရာတွေကို လိုက်ပြီး ဖာရ၊ ထေးရရှာတယ်လေ။
အမေ အဲလိုတစ်ညလုံး အမိုးလေးတွေ ဖားထေးနေတဲ့အချိန်မှာ စာရေးသူတို့ မောင်နှမ သုံးယောက်ကတော့ ခေါင်းရင်းနားလေးမှာ ဖျာလေးအပေါ်ကို ပြန်လိပ်တင်ပြီး၊ ကွေးနေအောင် ဆက်အိပ်ကြတာပဲ၊ အမေ့ရဲ့ တစ်ညလုံးမအိပ်ရတဲ့ ဒုက္ခတွေကို ကိုယ်ချင်းလည်း စာနာတတ်ဘို့ နားမလည်ခဲ့ကြဘူးလေ။ တစ်မိသားစုလုံးမှာပိုင်ဆိုင်တဲ့ တစ်လုံးထဲသော ပိတ်ခြင်ထောင်ကြိးမှာ အိပ်လို့ မရအောက်အောင် ကြမ်းပိုးတွေ ကိုက်လာတဲ့အခါလည်း သားသမီးတွေကို မနိုးစေပဲ၊ ကြမ်းပိုး သတ်ရတာလည်း အမေ၊ သား သမီးတွေ အအိပ်ကြမ်းလို့ ခြင်ထောင်ကြိုးတွေ ပြတ်တော့လည်း ထပြီး ချည်ရတာလဲအမေ၊ ကြောင်လေးတွေချမ်းလို့ ခြင်ထောင်ထဲ လာကွေးပြီးအိပ်တဲ့အခါ သားသမီးတွေ ဖိမိမှာစိုးလို့ နေရာ လိုက်ရွှေ့ရ တာလဲ အမေပါပဲလေ။
အမေက ဟင်းသီး၊ ဟင်းရွက်တွေပဲရောင်းဖူးပါတယ်။ သား၊ ငါးတွေ မရောင်းဖူးပါဘူး။ အမေက ခြင်လေးတွေ၊ ကြမ်းပိုးလေးတွေပဲ သတ်ဖူးတာပါ၊ သား၊ ငါးတွေ မသတ်ဖူးပါဘူး။ ဒါပေမယ့်ပေါ့လေ၊ မနှစ်က ရေမြေခြားကို ပြန်ခါနီးတော့ “သားလေး၊ အမေ ငါးရံ့ခြောက် လှမ်းထားလိုက်မယ်နော်” တဲ့၊ (သူ့သား ငါးရံ့ခြောက် ကြိုက်တာ အမေသိတာပေါ့) “အမေ၊ အရှင်တွေ မလုပ်နဲ့နော်”ဆိုတော့၊ “အင်းပါ၊ စိတ်ချ၊ အမေ ပံ့သကူရှာပြီး လုပ်ထားလိုက်မယ်”..။ ပြန်ခါနီးတော့ ငါးရံ့ခြောက်လေးတွေ လေယဉ်ပေါ် အနံ့မနံရအောင် အိတ်ကလေးတွေနဲ့ ထုတ်နေတုံး“အမေ အဲဒါတွေလုပ်တုံးက အရှင်တွေ ပါသေး လား”ဆိုတော့၊ သူ့သားပြန်ခါနီးလို့ စိတ်မကောင်း ဖြစ်နေတဲ့မျက်နှာလေး က ပြုံးရောင်သန်း သွား ပြီး“မပါပါဘူး သားရယ်”တဲ့လေ..။
အမေ့ကွယ်ရာရောက်မှ အစ်မက “အော်..ဦးဇင်းရယ်၊ ငါးရံ့ခြောက်ဆိုတာ အရှင်သတ်ပြီး တော့ကိုယ်တိုင် ဆားလူးပြီး လှမ်းမှကောင်းတာ၊ အမေက ဦးဇင်းအတွက်တမင်မှာပြီး လုပ်ထားတာ၊ ဦးဇင်းဆူမှာစိုးလို့ အရှင်မပါဘူးပြောတာ” အော်...အမေရယ်..။
တစ်ကယ်တော့လေ အမေဆိုတာ သားသမီးအတွက်ဆို မသွားရဲတဲ့လမ်းဆိုတာ မရှိသလို၊ မလုပ်ရဲတဲ့အလုပ်ဆိုတာလည်း မရှိပါဘူး၊ သားသမီး အမြင့်ရောက်ဘို့ သူ့ကျောကို အဆင်သင့် ခင်းပေးတတ်တာ အမေ၊ သားသမီး ကုသိုလ်ရဘို့ သူ့ဘ၀ကို အကုသိုလ်တွေနဲ့ ရင်းပေးတတ်တာ အမေ၊ အမေဟာလေ..သားသမီးအတွက်ဆိုရင်၊ ဆရာလိုလည်း လမ်းညွှန်တတ်သလို၊ တပည့်လို လည်း လိမ္မာပေးတတ်တယ်၊ သူရဲကောင်လိုလည်း အန္တရယ်တွေကို ကာဆီးပေးနိုင်တယ်။ အိုလေ ...အမေဆိုတာ... သားသမီးအတွက်၊ ဘယ်နေရာကမဆို နေပေးနိုင်ပါတယ်…။
“တော်ပြီ...နောင်…အမေ့ကို ငါးရံ့ခြောက်စားချင်တယ်လို့၊ ဘယ်တော့မှ မပြောတော့ဘူး.”
“မိဘ ကျေးဇူး အထူးသိတတ်ကြပါစေ”
အလင်းအိမ်(စေတနာပန်းခင်း)19.8.2011.
စေတနာပန်းခင်း
အလှူမင်္ဂလာ အစီအစဉ်
အလှူတော်မင်္ဂလာ နှင့်ပါတ်သက်၍
အလှူနေ့ရက်
- အလှူအစနေ့.....၂၉.၄.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၂ ရက်၊ သောကြာနေ့)
- အလှူကြီး.........၃၀.၄.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၃ ရက်၊ စနေနေ့)
- ရှင်မည်ခံ..........၁.၅.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၄ ရက်၊ တနင်္ဂနွေနေ့)
- အလှူတော်နေရာ...ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာ၊ အလှူတော်မင်္ဂလာမဏ္ဍာပ်။ (ဖုန်း-၀၉-၄၉၇၁၇၂၉၄)
အလှူတော်မင်္ဂလာ အစီအစဉ်
တန်ခူးလ္ဆုပ် ၁၂ ရက်နေ့ ၊အလှူအစနေ့ ညနေ ၅-နာရီ၌ အလှူရှင်များ၊ ရှင်လောင်းများ၊ ရဟန်းလောင်းများ၊ မိသားစုများ စုပေါင်း၍ ပရိတ်တရားတော်နာကြား၍ အလှူမင်္ဂလာ စတင်ဖွင့်လှစ်ပါမည်။တန်ခူးလ္ဆုပ် ၁၃ ရက်နေ့၊ နံနက် ၇-နာရီ သိမ်တက်၊ ရဟန်းခံ၊ သိက္ခာထပ်အလှူတော်မင်္ဂလာ ခမောက်စုရွာ၊ ရွာလည်ကျောင်းတိုက်၌ ကျင်းပပါမည်၊
တန်ခူးလ္ဆုပ် ၁၃ ရက်နေ့ နံနက် ရှစ်နာရီမှ စ၍ ရပ်ဝေးရပ်နီးမှ ကြွရောက်လာကြကုန်သော ဧည့်ပရိတ်သတ် အပေါင်းတို့အား ဟင်းချို၊ ငံပြာရည်ကျော်၊ ပဲပင်ပေါက်၊ ငံပိရည်တို့ဖြင့် ဧည့်ခံကြွေးမွေးပါမည်၊ (ဧည့်ပရိသတ် တစ်ထောင် ကျော်ခန့်ကို ကြွေးမွေးလှူဒါန်းပါမည်)
နံနက် ဆယ်နာရီခွဲ၌ ပင့်သံဃာတော် အပါး(၂၀)အား၊ နေ့ဆွမ်းများဖြင့် ဆက်ကပ်လှူဒါန်းပါမည်။ နေ့လည် ၁၂ နာရီ၌ ရှင်အပါး ၂၈ပါး၊ ရဟန်းလောင်း ၄ပါးတို့အား မြင်းကှိုယ်စီဖြင့် ရှင်လောင်းလှည့်ပါမည်၊
ညနေ ၃ နာရီ၌ ဆံချပရိတ်တရားတော်နာ၍ လှူဒါန်းဘွယ် အစုစုတို့အား လှူဒါန်းကာ စုပေါင်း၍ ရေစက်သွန်းချ အမျှအတန်းပေးဝေပါမည်၊ (နတ်လူသာဓု ခေါ်စေသော်)ထို့နောက် ရှင်လောင်းများအား ဆံချ၍၊ သရဏဂုံသုံးပါး ဆောက်တည်စေကာ သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြင်ပါမည်။
တန်ခူးလ္ဆုပ် ၁၄ ရက်နေ့၌ ရှင်မည်ခံအလှူပွဲကျင်းပ၍ စေတနာပန်းခင်း ပထမအကြိမ် စုပေါင်းရဟန်းခံ၊ ရှင်ပြုပွဲအား အောင်မြင်စွာ သိမ်းဆည်းပါမည်။
(တန်ခူးလ္ဆုပ် ၁၃ ရက်နေ့၌ တစ်နေကုန် လာသမျှဧည့် ပရိသတ်များအား ဧည့်ခံကြွေးမွေးပါမည်)
Labels:
သာသနာပြုအလှူ
စေတနာပန်းခင်း စုပေါင်းရှင်ပြုပွဲ အလှူရှင်များ
စေတနာပန်းခင်း ပထမအကြိမ် စုပေါင်းရှင်ပြုပွဲ အလှူရှင်များ
၁၊ ကိုဝမ်ချိုင်+မခင်မိုးဝင်း၊ မောင်-ကိုစိုးမင်းနောင် မိသားစု(ဘန်ကောက်) ဘတ်ငွေ=တစ်သောင်း ခုနှစ်ထောင်
၂။ မသန်းသန်းဌေး၊မအေးအေးသန်း (ပန်းကမ္ဘာ အထည်ဆိုင် ယုဇနပလာဇာ) မြန်မာငွေ=ငါးသိန်း
၃။ မစိုးစိုးလှိုင် (ဘန်ကောက်) ဘတ်ငွေ =နှစ်ထောင်
၎။ မယဉ်ယဉ်အောင်(ဘန်ကောက်) ဘတ်ငွေ =နှစ်ထောင်
၅။ မဘက်တီ (ဘန်ကောက်) ဘတ်ငွေ =နှစ်ထောင်
၆။ ဒေါ်စကွန်ရိုင်း(ဘန်ကောက်) ဘတ်ငွေ=တစ်ထောင်
၇။ ဒေါ်သန်းသန်းစိုး (ဘန်ကောက်) ဘတ်ငွေ =တစ်ထောင်
၈။ ဒေါ်မေ၀င်း၊ ဒေါ်မာမာဌေး(ဘန်ကောက်) ဘတ်ငွေ =တစ်ထောင်
၉။ မချိုမီလာအောင်(Vega travel, Thailand) ဘတ်ငွေ =တစ်ထောင်
၁၀။မမိုးပြာ(ဘန်ကောက်) ဘတ်ငွေ =တစ်ထောင်
၁၁။မဂျူးဂျူး(ဘန်ကောက်) ဘတ်ငွေ=တစ်ထောင်
၁၂။ မယဉ်ယဉ်ဝင်း(ကြည့်မြင်တိုင်) မြန်မာငွေ=တစ်သိန်း
၁၃။ ကိုသန်းဇော်လင်း+မသူသူဝင်း(ဘန်ကောက်) ဘတ်ငွေ ငါးရာ
၁၄။ မောင်စောဝင်းနွယ်+မချောချောဇံ (ဘန်ကောက်) သုံးထောင်
၁၅။ မမြတ်လေးနွယ် မိသားစု(ဘန်ကောက်) ဘတ်ငွေ ငါးရာ
၁၆။ မောင်သူရစိုး+သန်းသန်းဆင့် (ဘန်ကောက်) ဘတ်ငွေ ငါးရာ
စုစုပေါင်း မြန်မာငွေတန်ဘိုး တစ်ဆယ့်ငါးသိန်း ကျော်ခန့်၊ နတ်၊လူသာဓုခေါ်စေသော်။
အရှင်တေဇာနန္ဒ(စေတနာပန်းခင်း)
Labels:
အလှူရှင်များ
ပျော်ရွှင်ရသောနေ့တစ်နေ့
“ဘုန်းဘုန်း၊ သားတို့ ရှင်ပြုရင် မြင်းကြီးတွေစီးရမှာနော်”
“အေးပေါ့၊ စီးရမှာပေါ့ သားတို့ရဲ့”
“ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေရော ရိုက်မှာနော်”
“ရိုက်ပေးမယ်။ စိတ်ချ၊ သားတို့သာ စာကြိုးစား၊
နောင်နှစ်သားတို့ ရှင်ပြုရင် မြင်းကြီးတွေလည်း စီးရမယ်၊
ဓါတ်ပုံတွေ ဗွီဒီယိုတွေလည်း အများကြီးရိုက်ပေးမယ်”
“ဟေး၊ ဒါမှ ဒို့ ဘုန်းဘုန်းကွ”
“အေးပေါ့၊ စီးရမှာပေါ့ သားတို့ရဲ့”
“ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေရော ရိုက်မှာနော်”
“ရိုက်ပေးမယ်။ စိတ်ချ၊ သားတို့သာ စာကြိုးစား၊
နောင်နှစ်သားတို့ ရှင်ပြုရင် မြင်းကြီးတွေလည်း စီးရမယ်၊
ဓါတ်ပုံတွေ ဗွီဒီယိုတွေလည်း အများကြီးရိုက်ပေးမယ်”
“ဟေး၊ ဒါမှ ဒို့ ဘုန်းဘုန်းကွ”
Labels:
ရင်ထဲက ပီတိ
ပဟေဠိဆန်သော ထိုတစ်နေ့
“တာမွေဗလီ ပါလား …တာမွေဗလီ ဆင်းမယ့် အကိုအမများ တိုးထားပေးကြပါ”
ကားစပါယ်ယာ၏ အော်သံကြောင့်လန့်နိုးသွားရပါ
Labels:
ပရဟိတ
စုပေါင်းရှင်ပြုပွဲ (စေတနာပန်းခင်း)
တတိယသင်္ဂါနာတင် မင်းကြီးဖြစ်တဲ့ ဘုရင် အသောကဟာ တစ်နေ့မှာ ရဟန္တာမထေရ် အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်ကို မေးလျှောက်ပါတယ်။ “အရှင်ဘုရား၊ မြတ်စွာဘုရားလက်ထက်ကနေစလို့ ဒီနေ့ခေတ်တိုင်အောင် သာသနာမှာ တပည့်တော်လောက် လှူဒါန်းတဲ့သူ ရှိပါသလား” ဆိုတော့ မထေရ်မြတ်က “ဒကာတော်မင်းကြီး ၊ မြတ်စွာဘုရား လက်ထက်ကနေ ယနေ့တိုင်အောင် ဒကာတော်မင်းကြီး လောက်လှူဒါန်းနိုင်တဲ့ သူမရှိပါဘူး” လို့ ချီးမြှောက်တော်မူပါတယ်။ အဲဒိလောက်ချီးမြှောက်နိုင်လောက်အောင် သူလှူထားတာတွေကို ကြည့်လိုက်မယ် ဆိုရင်လည်း ရေတွင်း ပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်းရှစ်သောင်းလေးထောင်၊ ကျောင်းပေါင်း ရှစ် သောင်းလေးထောင် စသည်အားဖြင့် လှူဒါန်းလိုက်တာ မဇ္ဈိမဒေမှာ သူ့ကုသိုလ်ကောင်းမှုတွေဟာ လက်ငြိုးထိုး မလွဲလောက်အောင် ရှိလှပါတယ်။ ရှစ်သောင်းလေးထောင် ဆိုတာကတော့ မြတ်ဗုဒ္ဓရဲ့ ဓမ္မက္ခန္ဓာေ ပါင်း ရှစ်သောင်းလေးထောင်ရှိတာကို ပူဇော်သောအားဖြင့် လှူဒါန်းတာဖြစ်ပါတယ်။
Labels:
သာသနာပြုအလှူ
Subscribe to:
Posts (Atom)