ပရဟိတနှင့် ဘာသာတရား

ပရဟိတနှင့် ဘာသာတရား

အနည်းငယ်သော ကိုယ်ကျိုးကို ငဲ့ကွက်၍ သူတစ်ပါးအကျိုးကို လစ်လျူရှုသောသူသည် အတ္တသမား။
များစွာသော ကိုယ်ကျိုးကို စွန့်လွှတ်၍ သူတစ်ပါးအကျိုးကို သယ်ပိုးနိုင်သော သူသည် ပရဟိတသမား။

စာရေးသူကတော့ အတ္တနဲ့ ပရဆိုတာကို ဒီလိုလေးပဲ ခွဲခြားထား လိုက်ပါ တယ်။ ပရ ဆိုတာ၊ သူတစ်ပါး။ ဟိတ ဆိုတာ ကောင်းကျိုးကို ဆောင် ရွက်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အဲဒိလို အများအကျိုးဆောင်ရွက်တဲ့ နေရာမှာ အလုပ်နဲ့ စေတနာကိုပဲ ခွဲခြားနိုင်ပြိးတော့ ဘာသာ၊လူမျိုး တော့ ခွဲခြားလို့မရပါဘူး။
ယူဂိုစလားဗီးယားနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ သူနဲ့ လူမျိုးမတူ၊ ဘာသာမတူ၊ နိုင်ငံမတူတဲ့ အိန္ဒိယ နိုင်ငံမှာ အသက်ကိုးဆယ်ကျော်တဲ့ အထိ အိမ်ထောင်မပြုပဲ အများအတွက် တစ်ဘ၀လုံးပေးဆပ်ပေးသွား တဲ့ မာသာ ထရီဇာဟာ ခရစ်ယာန် ဘာသာဝင်ပါ။ ဗုဒ္ဓစာပေကို အမြတ်တနိုးတန်ဘိုးထားရင်း နိုင်ငံလွတ်လပ်ရေး အတွက် အသက်ပေးသွားတဲ့ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပြီး အိန္ဒိယပြည်သူတွေကို အနှိုင်းမဲ့ပေးဆပ်သွားတဲ့ ဟိန္ဒူဘာသာဝင် မဟတ္တမဂန္ဒီ၊

ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ မူစလင်ဘုရားဖူးတွေ နားခိုဘို့ ဇရပ်တစ်ဆောင် ဆောက်လုပ်လှူဒါန်းတဲ့ မြန်မာ နိုင်ငံက မင်တုန်းမင်းကြိးဟာ ဗုဒ္ဓတရားတော်တွေကို အသက်လောက် တန်ဘိုးထား မြတ်နိုးတဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။
ပြောချင်တာကတော့ လူမျိုးတွေကွဲချင်ကွဲမယ်။ ဘာသာတွေကွဲချင်ကွဲမယ်၊ ခေါင်းစဉ်တွေကွဲချင်ကွဲမယ်၊ ဒါပေ မယ့် သူတို့ရဲ့ ဖြူစင်တဲ့ နှလုံးသားက လိုလားနှစ်သက်စွာ ဦးတည်ခဲ့ တာကတော့ ခွဲခြားလို့ မရတဲ့ ပရဟိတပါ။ အဲဒိအတွေးလေးတွေ ၀င်လာတိုင်း လူမျိုးမရွေး၊ ဘာသာမရွေး အများအကျိုးသယ်ပိုးဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံက Save The Aged အမှတ်ရမိပါတယ်။

နောက်တစ်ခု စာရေးသူ Save The Aged ကိုသတိယမိတာလေး ရှိပါတယ်။ အဲဒါကတော့ စာရေးသူ ယခုနေထိုင်တဲ့ ထိုင်းနိုင်ငံက ကျောင်းမှာ အားကိုးရာမဲ့လို့ လာပြိး ခိုကိုးနေရရှာတဲ့ အဘွားတစ်ယောက်ကို တွေ့ရပါတယ်။ သူ ဘယ်ကလဲ၊ နာမည်ဘယ်သူလဲ၊ ဘယ်လို ဒီကိုရောက်လဲဆိုတာ စာရေးသူမသိပါဘူး။ စာရေး သူ သိတာတော့ သူဟာ အားကိုးရာမဲ့နေတဲ့ အဘွားအိုတစ်ယောက်လို့ ပဲ စာရေးသူသိပါတယ်။ လူမျိုး ကတော့ ထိုင်းလူမျိုးပါပဲ။ စာရေးသူနဲ့ စတင်ရင်းနှီးတာကတော့ စာရေးသူ သူ့အနားက ဖြတ်သွားတိုင်း သူမဖြေနိုင်တဲ့ စားစရာအထုတ်လေးတွေကို ဖြေပေးတာတို့၊(ဒီနိုင်ငံက ရယ်ဒီမိတ်သုံးတာ များပါတယ်။) သောက်ရေသန့်ဘူး ဖွင့်ပေးတာတို့ စတဲ့ အလုပ်ပေးတွေလုပ်ပေးပါတယ်။ အားတဲ့ အခါလည်း အဘွားကို အဖော်လုပ်ပြိး စကားသွား ပြေားပေးပါတယ်။ စကားသွားပြောပေးတယ်ဆိုလို့ စာရေးသူက ထိုင်းစကားတော့ မတတ်ပါဘူး။ ဒါပေမယ့် အဘွားက
how r u?
yr name?
yr ph number?
စတဲ့ စကားလေးတွေပြောတတ်တော့ အဘွားရဲ့ အင်္ဂလိပ်စကားအားကိုးနဲ့ပဲ အဘွားနဲ့ သူငယ်ချင်းတွေဖြစ်နေ ခဲ့ပါတယ်။

အစက စာရေးသူ မုန့်လေးတွေ ၀ယ်ကြွေးတဲ့အခါ အဘွားက မစားပါဘူး။ သူ့ရဲ့ ပိုက်ဆံအိတ် လေးကို ပုတ်ပြ ပါတယ်။ နောက်တော့ ရင်းနှီးလာတဲ့အခါ စာရေးသူဝယ်ကြွေးတာလေးတွေကို အဘွားစားရှာပါတယ်။ အဘွားက လောလောဆယ် ဘုန်းကြိးကျောင်းက အဖီလေးမှာ မှိခိုနေရပေမယ့် သူအားမလျော့ပါဘူး၊ သူကပြောတယ်“ သူလမ်းမလျှောက်နိုင်လို့တဲ့ လမ်းလျှောက်နိုင်လို့ အိမ်ပြန်ရင် စာရေးသူကို ခေါ်မယ်ပြောတော့ စာရေးသူ စိတ်မ ကောင်းသလို ဖြစ်မိ ပါတယ်။ ပြိးတော့ ပြောသေးတယ် သူ့အိမ်ေ၇ာက်ရင် စာရေးသူကို လှူစရာရှိတယ်တဲ့၊ သူထုတ်ပြတာလေးကတော့ သူ့ရဲ့ ဘက်အိတ်ထဲမှာ ထည့်ထားတဲ့ သံဃာဝတ် အင်္ကျိအနွမ်းလေးတစ်ထည်ပါ။ အသက် ၇၀-ကျော်နေတဲ့ အဘွားက နေ့တိုင်း နှစ်ချောင်းထောက် လက်ကိုင်တုတ်(နာမည်မခေါ်တတ်ပါ) လေးကိုအားပြုပြီး လမ်းလျှောက်လေ့ကျင့်ပါတယ်။ အဘွားက မိသားစုမရှိပေမယ့် သူ့မှာ အိမ်တော့ ၇ှိပုံရ ပါတယ်။ ဒါပေမယ့် ပြုစုစောင့်ရှောက်မယ့် သူတော့ ရှိပုံမရပါဘူး။ ဒါကြောင့်လည်း ကျောင်းက အဖီလေးမှာ သူ အမှီပြုပြိး လာနေနေရတာပါ။ ထိုင်းနိုင်ငံဆိုတာ အရှေ့တောင်အာရှမှာ ကျားလို့ ခေါ်နိုင်တဲ့ စိးပွါးရေး တောင့် တင်းတဲ့ နိုင်ငံတစ်ခုပါ။ ဘယ်လိုပဲ ချမ်းသာတဲ့ နိုင်ငံဖြစ်ပစေ၊ အိုခြင်း၊ နာခြင်းသဘာဝတရားတွေကို ခါးခါးသီးသီး ရင်ဆိုင်နေကြရတဲ့ အဘွားလို လူသားတွေ များစွာရှိနေကြမှာပါ။ အဘွားကို တွေ့တိုင်း ရင်ထဲမှာ ဖြစ်မိတဲ့ ဆန္ဒလေးကတော့ လူမျိုးမခွဲ၊ ဘာသာမခွဲ၊ အဘိုးအဘွားတွေကို စောင့်ရှောက်နေတဲ့ Save The Aged က နိုင်ငံပါ မခွဲခြားပဲ ကမ္ဘာတစ်ခွင်မှာပါ ကျယ်ကျယ်ပြန့်ပြန့် ပရဟိတ လုပ်ငန်းတွေ တိုးချဲ့ပြိး ဆောင်ရွက်လာနိုင်ရင် သိပ်ကောင်းမှာပဲလို့ ရင်ထဲမှာ ဆန္ဒတွေဖြစ်မိပါတယ်။ ဖြစ်လာနိင်အောင်လည်း ကြိုးစားအားထုတ်နိုင်ပါစေလိှု့ဆန္ဒပြုရင်း....

တက္ကသိုလ် အလင်းအိမ်

No comments:

Post a Comment