“တာမွေဗလီ ပါလား …တာမွေဗလီ ဆင်းမယ့် အကိုအမများ တိုးထားပေးကြပါ”
ကားစပါယ်ယာ၏ အော်သံကြောင့်လန့်နိုးသွားရပါ
“သားတို့ တစ်နေကုန်ထမင်းမစားရသေးလို့…………
နားထဲကို မ၀ံ့မရဲလေးတိုးဝင်လာသော အသံနှစ်ခုရှိရာ စောင်းငဲ့ကြည့်မိတော့ ၇-၈ နှစ် နှင့် ၃ နှစ် အရွယ်ခန့် ကလေး နှစ်ဦး။ ညစ်ပတ်ပေရေနေသော အ၀တ်အစား၊ ပိန်လှီခြောက်ကပ်လှသော ခန္ဓာကိုယ်များ၊ မွတ်သိပ်တောင့်တစွာ သို့သော် မမျှော်လင့်ရဲသော မျက်ဝန်းမှိန်မှိန်လေးများ။ ကျွန်မ လက်ထဲမှ ကော်ဖီကို ဆက်မဖျော်မိဘဲ စူးစမ်းစွာလိုက်ကြည့်နေမိသည်။ ဆိုင်ရှင်က ဘာမှမပြောသလို စားပွဲထိုးလေးများကလည်း လျစ်လျူရှုထားသဖြင့် ကလေးနှစ်ယောက် စားပွဲဝိုင်းစေ့ လျှောက်ရပ်နေကြ သည်။ တချို့ဝိုင်း ကတော့ခေါင်းခါပြသည်
ကျွန်မထိုင်နေသောစားပွဲသို့ရော
“သားတိုဗိုက်ဆာလို့လား…”
ခေါင်းလေးတွေ ပြိုင်တူငြိမ့်လာကြတော့ ကျွန်မဘာမှမစဉ်းစားတော့ပါ။
“သားတို့ထိုင်..မုန့်စားမလား ပေါင်မုန့်တစ်ထုပ်စီစားလို့ရတယ် .. မ၀သေးရင်တော့ ဒီကော်ဖီကို နှစ်ယောက်သောက်”
ကျွန်မမှာ အကျင့်တစ်ခုရှိသည် ကလေးများတောင်းစားနေလျှင် ဘယ်သော အခါမှ ငွေကြေး ပေးကမ်းေ လ့မရှိပါ။ မုန့်တခုခုသာ ပေးလေ့ရှိပြီး (အချိန်ရလျှင်) သူတို့နှင့် စကားပြောလေ့ ရှိပါသည်။
ကလေးများအားပေါင်မုန့်တစ်ထုပ်စီ ဖောက်ပေးလိုက်ပြီး ဂရုဏာသက်စွာ ကြည့်နေမိသည်။
“သြော်…တကယ်ဆာနေကြရှာတာကိုး” …သူတို့အားပါးတရစားနေကြပြီ။ ရေနွေးခွက် ၃ ခွက်ကို ဖြည့်ရင်း ကိုယ့်အစာအိမ်ကိုယ်မေ့သွားတော့
“သားနာမည်ဘယ်လိုခေါ်လဲ”
“အောင်အောင်” တုံးတိတိဖြေသည်။
“ညီလေးနာမည်ရော”
“ညီမလေးပါ…. စုစု လို့်ခေါ်တယ်”
ညီမလေးဆိုတော့ ရင်ထဲမှာ ထိတ်ကနဲဖြစ်သွားရသည်။ ဒီအရွယ်ကတည်းက တောင်းစားနေရ သောမောင်နှမလေးနှစ်ယောက်ကို ကရုဏာသက်မိသလို မိန်းကလေးဖြစ်သူ အငယ်လေးအတွက် ရင်လေး သွားရပြန်သည်။ ကျွန်မမှာလဲ ညီမလေးတွေ တူမလေးတွေ ရှိနေသည်လေ။
“သားတို့ဘယ်မှာနေကြသလဲ”
“နတ်ချောင်းထဲမှာ” တုံးတိတိဖြေပြန်သည်။
“မေမေတို့ဖေဖေတို့ရော” မေးလိုက်တော့ ကလေးမျက်နှာပျက်တာတစ်ချက် မြင်လိုက်ရသည်။ ဘာလို့များပါလိမ့်????
“အဖေက အရင်ကရထားပေါ်မှာ မုန့်ရောင်းတယ် ..ခုတော့သေပြီ.. မေမေက အ၀တ်လိုက် လျှော်တယ်”
ဆက်မမေးရဲတော့ပါ။ သူတို့လေး၏နှလုံးသားနုနုလေးတွေ
“ပြန်တော့မလားကလေး” ဟုမေးတော့ ခေါင်းသာငြိမ့်ပြသည်။
ကျွန်မလဲ သွားရပါတော့မည်။ ပေါင်မုန့်နှစ်ခုနှင့် ကော်ဖီတခွက်ကျသင့်ငွေသည် ကျွန်မ ည၉နာရီ မှ ကြားကားစီးပြီးပြန်ရန် မလုံလောက်တော့ပြီဖြစ်သဖြင့် ဆရာမကို ဖုန်းဆက်ကာခွင့်တိုင်ပြီး သာမန် လိုင်းကား တွေရှိချိန်မှာသာ စောစောပြန်ဖို့စဉ်းစားမိလိုက်
“ရှင်းမယ် မောင်လေး”
“ရှင်းပြီးသွားပြီ အစ်မ”
ကျွန်မခဏလေး ကြောင်သွားသည်။ ခုမှရှင်းမှာလေ ၀ိုင်းမှားတာလားဟု ထပ်ပြောတော့ ရှင်းပြီး သွားပြီအစ်မ လို့သာ ပြန်ပြောပြန်သည်။ တစ်ခုခုတော့ထူးခြားနေပါပြီ။ ကျွန်မ ကောင်တာဆီလျှောက် သွားပြီး ဆိုင်ရှင်ကို တစုံတခုမေးမည်ပြင်တော့ ဆိုင်ရှင်ကပင် ကြိုတင်၍ “ရှင်းပြီးပြီညီမ” ဟုထပ်ပြောပြန် သည်။
“ဟုတ်ကဲ့ ဘယ်သူရှင်းသွားလဲ သိချင်လို့ပါ ကျွန်မ ကျေးဇူးတင်ချင်လို့ပါရှင်.. ပြီးတော့ ကလေး တွေလဲ ခုမှစားပြီးတာဆိုတော့ ပိုက်ဆံဘယ်လိုတွက်ပေးလိုက်လဲလို
“ရတယ်ညီမ… နောက်မှလိုတာပိုတာရှင်းမယ်လို့ ပြောထားတယ်..ရတယ် စိတ်မပူနဲ့.. သူတော့ပြန်သွားပြီ”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်မ.. ငွေရှင်းသွားတဲ့သူကိုလည်း ကျေးဇူးတင်ကြောင်းပြောပေး ပါနော်”
ဒါဖြင့် ကျွန်မကျူရှင်အေးဆေးတက်လို့ရပြီ
ရင်ထဲမှာတော့ ဆုတောင်းတစ်ခုသာပါ……….
“မြင်နိုင်ကြပါစေ မြင်ရဲကြပါစေ မြင်တတ်ကြပါစေ” လို့……
မြန်မာနိုင်ငံမြို့ကြီးတော်တော်များများမှာ လူတန်းစားတစ်ရပ်လိုကို
ReplyDeleteပေါ်ပေါက်လာနေတဲ့အဖြစ်ပါ။။။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို
တွေကိုတွေ့ရင်တော့ အဲလိုမျိုးတစ်ခုခုဝယ်ကျွေးလိုက်မိပါတယ်။။
ငွေပေးရင်တော့ သူတို့ကို ဒီအလုပ်မျိုးနဲ့ သက်ဆိုးရှည်အောင်အားပေး
သလိုဖြစ်မစိုးလို့ မပေးဖြစ်ပါဘူး။။။ ပို့စ်လေးအရမ်းကောင်းပါတယ်။။
အားပေးသွားပါတယ်။။။။။။။။။
တောင်းရမ်းတဲ့ကလေးတွေကို အစားအစာ ကျွေးတာ ပိုသင့်တော်ပါတယ်။
ReplyDeleteလမ်းပေါ်မှာ ရှိနေရမယ့် အရွယ်မဟုတ်လို့ ကလေးတွေရဲ့ အနာဂတ်အတွက် တွေးတောစရာ ဖြစ်ရတာ ကြာပါပြီ။
နိင်ငံချမ်းသာလာတဲ့ တနေ့တော့ ဒါတွေ ပပျောက်မယ်ထင်ပါရဲ့
မျိုးဆက်သစ်လေးတွေ အတွက် အားလုံးမှာ တာဝန်ရှိပါတယ်။ မသိချင်ယောင်မဆောင်သင့်ပါဘူး။ လျို့ဝှက်တဲ့သူတစ်ယောက် ကတော့သူ အသိနောက်ကျသွားလို့ ဖြစ်မယ်ထင်တယ်။ အောင်မြင်ပါစေ။
ReplyDelete