အလှူမင်္ဂလာ အစီအစဉ်

အလှူတော်မင်္ဂလာ နှင့်ပါတ်သက်၍

အလှူနေ့ရက်

  • အလှူအစနေ့.....၂၉.၄.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၂ ရက်၊ သောကြာနေ့)
  • အလှူကြီး.........၃၀.၄.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၃ ရက်၊ စနေနေ့)
  • ရှင်မည်ခံ..........၁.၅.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၄ ရက်၊ တနင်္ဂနွေနေ့)
  • အလှူတော်နေရာ...ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာ၊ အလှူတော်မင်္ဂလာမဏ္ဍာပ်။ (ဖုန်း-၀၉-၄၉၇၁၇၂၉၄)

အလှူတော်မင်္ဂလာ အစီအစဉ်

တန်ခူးလ္ဆုပ် ၁၂ ရက်နေ့ ၊အလှူအစနေ့ ညနေ ၅-နာရီ၌ အလှူရှင်များ၊ ရှင်လောင်းများ၊ ရဟန်းလောင်းများ၊ မိသားစုများ စုပေါင်း၍ ပရိတ်တရားတော်နာကြား၍ အလှူမင်္ဂလာ စတင်ဖွင့်လှစ်ပါမည်။

တန်ခူးလ္ဆုပ် ၁၃ ရက်နေ့၊ နံနက် ၇-နာရီ သိမ်တက်၊ ရဟန်းခံ၊ သိက္ခာထပ်အလှူတော်မင်္ဂလာ ခမောက်စုရွာ၊ ရွာလည်ကျောင်းတိုက်၌ ကျင်းပပါမည်၊

တန်ခူးလ္ဆုပ် ၁၃ ရက်နေ့ နံနက် ရှစ်နာရီမှ စ၍ ရပ်ဝေးရပ်နီးမှ ကြွရောက်လာကြကုန်သော ဧည့်ပရိတ်သတ် အပေါင်းတို့အား ဟင်းချို၊ ငံပြာရည်ကျော်၊ ပဲပင်ပေါက်၊ ငံပိရည်တို့ဖြင့် ဧည့်ခံကြွေးမွေးပါမည်၊ (ဧည့်ပရိသတ် တစ်ထောင် ကျော်ခန့်ကို ကြွေးမွေးလှူဒါန်းပါမည်)

နံနက် ဆယ်နာရီခွဲ၌ ပင့်သံဃာတော် အပါး(၂၀)အား၊ နေ့ဆွမ်းများဖြင့် ဆက်ကပ်လှူဒါန်းပါမည်။ နေ့လည် ၁၂ နာရီ၌ ရှင်အပါး ၂၈ပါး၊ ရဟန်းလောင်း ၄ပါးတို့အား မြင်းကှိုယ်စီဖြင့် ရှင်လောင်းလှည့်ပါမည်၊
ညနေ ၃ နာရီ၌ ဆံချပရိတ်တရားတော်နာ၍ လှူဒါန်းဘွယ် အစုစုတို့အား လှူဒါန်းကာ စုပေါင်း၍ ရေစက်သွန်းချ အမျှအတန်းပေးဝေပါမည်၊ (နတ်လူသာဓု ခေါ်စေသော်)ထို့နောက် ရှင်လောင်းများအား ဆံချ၍၊ သရဏဂုံသုံးပါး ဆောက်တည်စေကာ သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြင်ပါမည်။

တန်ခူးလ္ဆုပ် ၁၄ ရက်နေ့၌ ရှင်မည်ခံအလှူပွဲကျင်းပ၍
စေတနာပန်းခင်း ပထမအကြိမ် စုပေါင်းရဟန်းခံ၊ ရှင်ပြုပွဲအား အောင်မြင်စွာ သိမ်းဆည်းပါမည်။
(တန်ခူးလ္ဆုပ် ၁၃ ရက်နေ့၌ တစ်နေကုန် လာသမျှဧည့် ပရိသတ်များအား ဧည့်ခံကြွေးမွေးပါမည်)

စေတနာပန်းခင်း စုပေါင်းရှင်ပြုပွဲ အလှူရှင်များ

စေတနာပန်းခင်း ပထမအကြိမ် စုပေါင်းရှင်ပြုပွဲ အလှူရှင်များ

၁၊ ကိုဝမ်ချိုင်+မခင်မိုးဝင်း၊ မောင်-ကိုစိုးမင်းနောင် မိသားစု(ဘန်ကောက်) ဘတ်ငွေ=တစ်သောင်း ခုနှစ်ထောင်

၂။ မသန်းသန်းဌေး၊မအေးအေးသန်း (ပန်းကမ္ဘာ အထည်ဆိုင် ယုဇနပလာဇာ) မြန်မာငွေ=ငါးသိန်း

၃။ မစိုးစိုးလှိုင် (ဘန်ကောက်) ဘတ်ငွေ =နှစ်ထောင်

၎။ မယဉ်ယဉ်အောင်(ဘန်ကောက်) ဘတ်ငွေ =နှစ်ထောင်

၅။ မဘက်တီ (ဘန်ကောက်) ဘတ်ငွေ =နှစ်ထောင်

၆။ ဒေါ်စကွန်ရိုင်း(ဘန်ကောက်) ဘတ်ငွေ=တစ်ထောင်

၇။ ဒေါ်သန်းသန်းစိုး (ဘန်ကောက်) ဘတ်ငွေ =တစ်ထောင်

၈။ ဒေါ်မေ၀င်း၊ ဒေါ်မာမာဌေး(ဘန်ကောက်) ဘတ်ငွေ =တစ်ထောင်

၉။ မချိုမီလာအောင်(Vega travel, Thailand) ဘတ်ငွေ =တစ်ထောင်

၁၀။မမိုးပြာ(ဘန်ကောက်) ဘတ်ငွေ =တစ်ထောင်

၁၁။မဂျူးဂျူး(ဘန်ကောက်) ဘတ်ငွေ=တစ်ထောင်

၁၂။ မယဉ်ယဉ်ဝင်း(ကြည့်မြင်တိုင်) မြန်မာငွေ=တစ်သိန်း

၁၃။ ကိုသန်းဇော်လင်း+မသူသူဝင်း(ဘန်ကောက်) ဘတ်ငွေ ငါးရာ

၁၄။ မောင်စောဝင်းနွယ်+မချောချောဇံ (ဘန်ကောက်) သုံးထောင်

၁၅။ မမြတ်လေးနွယ် မိသားစု(ဘန်ကောက်) ဘတ်ငွေ ငါးရာ

၁၆။ မောင်သူရစိုး+သန်းသန်းဆင့် (ဘန်ကောက်) ဘတ်ငွေ ငါးရာ
စုစုပေါင်း မြန်မာငွေတန်ဘိုး တစ်ဆယ့်ငါးသိန်း ကျော်ခန့်၊ နတ်၊လူသာဓုခေါ်စေသော်။

အရှင်တေဇာနန္ဒ(စေတနာပန်းခင်း)

ပျော်ရွှင်ရသောနေ့တစ်နေ့

“ဘုန်းဘုန်း၊ သားတို့ ရှင်ပြုရင် မြင်းကြီးတွေစီးရမှာနော်”

“အေးပေါ့၊ စီးရမှာပေါ့ သားတို့ရဲ့”

“ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေရော ရိုက်မှာနော်”

“ရိုက်ပေးမယ်။ စိတ်ချ၊ သားတို့သာ စာကြိုးစား၊
နောင်နှစ်သားတို့ ရှင်ပြုရင် မြင်းကြီးတွေလည်း စီးရမယ်၊
ဓါတ်ပုံတွေ ဗွီဒီယိုတွေလည်း အများကြီးရိုက်ပေးမယ်”

“ဟေး၊ ဒါမှ ဒို့ ဘုန်းဘုန်းကွ”

ပဟေဠိဆန်သော ထိုတစ်နေ့

တာမွေဗလီ ပါလားတာမွေဗလီ ဆင်းမယ့် အကိုအမများ တိုးထားပေးကြပါ

ကားစပါယ်ယာ၏ အော်သံကြောင့်လန့်နိုးသွားရပါတယ်။ အာရုံကိုမနည်းစုစည်းပြီး ဆင်းရမယ့် မှတ်တိုင်ကို စဉ်းစားလိုက်သည်။ သီတာမှတ်တိုင် ဆိုတော့ နှစ်မှတ်တိုင်လိုပါသေးလား။ လှိုင်သာယာမှာ အလုပ်ဆင်းပြီး အဝေးသင်ဖြေဆိုရန် ကျူရှင်ကိုတော့ သီတာလမ်းက ဆရာမတစ်ယောက်ဆီမှာ တက်နေတဲ့ ကျွန်မ အတွက် ရွှေဧည့်သည် ကားပေါ်မှ အချိန်များဟာ များသောအားဖြင့် အိပ်စက်အနား ယူချိန်များသာ ဖြစ်တတ်ပါသည်။

စုပေါင်းရှင်ပြုပွဲ (စေတနာပန်းခင်း)

တတိယသင်္ဂါနာတင် မင်းကြီးဖြစ်တဲ့ ဘုရင် အသောကဟာ တစ်နေ့မှာ ရဟန္တာမထေရ် အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်ကို မေးလျှောက်ပါတယ်။ “အရှင်ဘုရား၊ မြတ်စွာဘုရားလက်ထက်ကနေစလို့ ဒီနေ့ခေတ်တိုင်အောင် သာသနာမှာ တပည့်တော်လောက် လှူဒါန်းတဲ့သူ ရှိပါသလား” ဆိုတော့ မထေရ်မြတ်က “ဒကာတော်မင်းကြီး ၊ မြတ်စွာဘုရား လက်ထက်ကနေ ယနေ့တိုင်အောင် ဒကာတော်မင်းကြီး လောက်လှူဒါန်းနိုင်တဲ့ သူမရှိပါဘူး” လို့ ချီးမြှောက်တော်မူပါတယ်။ အဲဒိလောက်ချီးမြှောက်နိုင်လောက်အောင် သူလှူထားတာတွေကို ကြည့်လိုက်မယ် ဆိုရင်လည်း ရေတွင်း ပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်းရှစ်သောင်းလေးထောင်၊ ကျောင်းပေါင်း ရှစ် သောင်းလေးထောင် စသည်အားဖြင့် လှူဒါန်းလိုက်တာ မဇ္ဈိမဒေမှာ သူ့ကုသိုလ်ကောင်းမှုတွေဟာ လက်ငြိုးထိုး မလွဲလောက်အောင် ရှိလှပါတယ်။ ရှစ်သောင်းလေးထောင် ဆိုတာကတော့ မြတ်ဗုဒ္ဓရဲ့ ဓမ္မက္ခန္ဓာေ ပါင်း ရှစ်သောင်းလေးထောင်ရှိတာကို ပူဇော်သောအားဖြင့် လှူဒါန်းတာဖြစ်ပါတယ်။

စေတနာပန်းခင်း စာကြည့်တိုက်


စေတနာပန်းခင်း စာကြည့်တိုက်

“ဟာ...ဒကာမကြီးကလည်း စာကြည့်တိုက်ဆိုတာ...စာအုပ်ရယ်၊

စာဖတ်တဲ့ သူရယ်ရှိရင်
စာကြည့်တိုက်ဖြစ်ပါပြီ၊ အဆောက်အဦး မလိုပါဘူးဗျာ။”

စေတနာပန်းခင်း စာကြည့်တိုက် စဖွင့်မယ်လုပ်တော့ ဒကာမကြီးတစ်ယောက် က “ဦးဇင်းက စာကြည့်တိုက် လုပ်မယ် ဆိုတော့ အဆောက်အဦးရှိလို့လား” ဆိုတဲ့ မေးခွန်းလေးကို စာရေးသူက ဒီတိုင်းလေးပဲ ပြန်ဖြေခဲ့ ပါတယ်။ သူ့သဘောကတော့ စာကြည့်တိုက်လုပ်မယ်ဆိုရင် အဆောက်အဦးရှိမှ ဖြစ်မယ်ဆိုတဲ့ သဘောပါ။ အဆောက်အဦးဆိုတာ မလိုအပ်ဘူးတော့ မဟုတ်ပါဘူး။ အဓိကနေရာကကို လိုအပ်ပါတယ်။ ဒါပေမယ့် အဆောက်အဦးရှိမှ စာကြည့်တိုက် လုပ်မယ်ဆိုရင်လည်း သာမာန်စာသင်သား ရဟန်းတစ်ပါးအတွက် စာကြည့်တိုက်ဆိုတာ “ဘယ်ဆီမျှော်မှန်း တမ်းတရမလဲ” ဆိုသလိုဖြစ်နေပါလိမ့်မယ်။ စာရေးသူက ငယ်ငယ် ကတည်းက စာဖတ်တာ အလွန်ဝါသနာထုံသလို၊ “ငါအရွယ်ရောက်ရင် စာကြည့်တိုက် လုပ်မယ်”ဆိုတဲ့ အတွေးက ဘယ်အရွယ်ကတည်းက အသွေးထဲ၊ အသားထဲမှာစွဲနေမှန်းမသိပါဘူး။ စာကြည့် တိုက်ကို တော်တော်လေးကို ၀ါသနာပါပါတယ်။ စာရေးသူငယ်စဉ်က ဦးဇင်းတစ်ပါးက အပြောကောင်းကောင်းနဲ့ ဦးနုရဲ့ မိတ္တဗလဋီကာ စာ အုပ်အကြောင်းကို အထဲက စာတွေလည်းပြောပြ၊ စာအုပ်ကောင်းကြောင်းလည်း ညွှန်းပြပါတယ်။ အဲဒိတော့ ဆယ့်သုံးနှစ်သားလောက်သာရှိသေးတဲ့ စာရေးသူဟာ အဲဒိစာအုပ်ကို မဖတ်ဖူးသေးပဲ နဲ့ သိပ်ကိုကြိုက်သွားပါတယ်။ ဒါနဲ့ စာအုပ်ဆိုင်မှာ သွားမေးတယ်။ ဈေးက သုံးရာပါတဲ့။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် ခန့်က သုံးရာဆိုတာ စာသင် သားကိုရင်ငယ်လေးတစ်ပါးအတွက် အလွန်ကိုများပါတယ်။ ဒါပေမယ့် စာရေးသူ အဲဒိစာအုပ်ကို ရှိစုမဲ့စုလေးနဲ့ ၀ယ်လိုက်တယ်။ ဒါပေမယ့် တစ်ကယ်လည်းဖတ်ကြည့်ရော အဲဒိထဲက စာတွေကို စာရေးသူ တစ်လုံးမှနားမလည် ပါဘူး။ မြန်မာလိုတွေ ရေးထားတာပါပဲ။

ဘုံ၊ ဘ၀တွေဆိုတာ တစ်ကယ်ရှိရဲ့လား...?

(၃၁)ဘုံ ရှိ၊ မရှိ အမေးပုစ္ဆာ


၂၀၁၁-ခု၊ ၂-လပိုင်း၊ ၁၃-ရက်နေ့က စတင်ပြိးတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဗုဒ္ဓဓမ္မ သင်တန်း လေး တစ်ခုဖွင့်ဖြစ်ခဲ့ပါတယ်။ ဒီသင်တန်းလေး ဖြစ်မြောက်လာဘို့ အဓိက ကျေးဇူးပြုတဲ့သူ တွေကတော့ ကိုလင်းနိုင်နဲ့ ဓမ္မမိတ်ဆွေ သငယ်ချင်းတစ်စုပါ။ ၁၃-ရက်နေ့ကတော့ သင်တန်းအစ နေ့ဆိုတော့ သင်တန်းသားသိပ်မများ လှပါဘူး။