ဒီလမ်း





မုန်တိုင်းတွေ ခင်းထားတဲ့ လမ်း ၊ မကြမ်းပဲ ရှိပါ့မလား...


မိုင်ထောင်ချီဝေးတဲ့ လမ်း၊ မပန်းပဲ ရှိပါ့မလား...


လောက၊ သာသနာ အတွက် လျှောက်တဲ့ လမ်း...


ပန်းချင် ပန်း၊ နွမ်းချင် နွမ်း....။


သံသရာ ခရီးကြမ်းထက်တော့ မရှည်ကြာနိုင်တဲ့ ဒီလမ်းထဲ

ယုံကြည်ရာ လက်တွဲ၊ ရဲရဲပေါ့ကွယ်...


ယုံကြည်ရာ လက်ကမ်း...လှမ်းလိုက်စမ်းကွယ်...။


ရွှေဘုန်း (27.7.2012)

1 comment:

  1. ရေးခဲ့သမျှထဲမှာ အနှစ်သက်မိဆုံး...:)

    ReplyDelete