ရန်ကုန်မှာနေတုံးက ဆွမ်းခံအိမ်က ၁၆-နှစ်အရွယ် လူငယ်လေး တစ်ယောက် ရပ်ကွက်ထဲက ကလေးမလေးကို မခံချင်အောင် စနောက်နေ၍ အိမ်ကို လာပြီး အတိုင်ခံရသည်၊ မိဘများမှ " ဘုန်းဘုန်း ဆုံးမပါဦးဘုရား...ဘုန်းဘုန
ရွှေဘုန်း = သား၊ ခဏလာဦးကွာ၊ ဘုန်းဘုန်းတို့ နည်းနည်းလောက် ဆွေးနွေးလိုက်ရအောင်။
ရွှေဘုန်း = သား၊ အဲဒိမိန်းကလေးကို တစ်ကယ် သဘောကျလို့လား...။
လူငယ် = မကျပါဘူး...ဘုန်းဘုန်း။
ရွှေဘုန်း = သားက သူ့ကို သဘောမကျပဲ ဘာလို့ မခံချင်အောင် စရ၊ နောက်ရတာလဲ။
လူငယ် = ဒါကတော့ ဘုန်းဘုန်းရယ်၊ လူငယ်တွေပဲ၊ ဒီလောက်တော့ လွတ်လပ်ခွင့် ရှိရမှာပေါ့။
ရွှေဘုန်း = ဟုတ်ပြီ၊ သားပြောတာ ဘုန်းဘုန်း လက်ခံတယ်၊ ဆက်ပြောပါဦး သား၊ လွတ်လပ်ခွင့်ဆိုတာကို သားဘယ်လို လက်ခံထားလဲ...။
အတန်ကြာ တိတ်နေသည်၊ တော်တော်ကြာတော့...
လူငယ် = ကိုယ်နေချင်သလို နေတာ လွတ်လပ်ခွင့်လို့ သားထင်တယ်။
ရွှေဘုန်း = ဘုန်းဘုန်းရှင်းပြမယ်နော်၊ "လွတ်လပ် " ဆိုတာမှာ
"လွတ်"ဆိုတာရယ်၊ " လပ်" ဆိုတာရယ် စကားလုံး နှစ်လုံးပါတယ်၊ ဆိုလိုတာကတော့ကွာ
သားရဲ့ လွတ်လပ်မှုဆိုတာ တစ်ကယ်ကို လွတ်လွတ်လပ် ဖြစ်နေရမယ်၊ မလပ်တဲ့ နေ၇ာမှာ
လွတ်လို့မရဘူး၊ ဥပမာကွာ၊ သား လမ်းသွားတယ်၊ ဘာနဲ့မှ မထိ၊ မခိုက်ပဲ
သားသွားနိုင်ရင် စိတ်ချမ်းသာပြီး၊ တစ်ကယ် လွတ်လပ်တာပဲ၊ တစ်ကယ်လို့
တစ်စုံတစ်ရာနဲ့ ထိမိ၊ ခိုက်မိနေပြီဆိုရင် သားရဲ့ သွားလာမှုဟာ
မလွတ်လပ်တော့ဘူးလေ၊ အဲလိုပဲ သားရဲ့ အပြုအမူတွေဟာ သူတစ်ပါးရဲ့ ကိုယ်၊
စိတ်ကို ထိမိ၊ ခိုက်မိသွားပြီဆိုရင် ဘယ်လိုလုပ် လွတ်လပ်တော့မလဲ သားရဲ့၊
ကြည့်လေ ခုပဲ သား၊ အတိုင်ခံရပြီ၊ သားထင်တဲ့ လွတ်လပ်မှုဆိုတာဟာ သူတစ်ပါးကို
ထိမိ၊ ခိုက်မိလိုက်တာနဲ့ ခုသားကို ပြန်ပြီး အပြစ်ဆိုတာနဲ့
ချည်နှောင်ခံရပြီ...ကဲ..သား ရဲစိတ်တွေ ဘယ်မှာ လွတ်လပ်တော့လို့လဲ...ဘုန်းဘုန်းပြောတာ သားနားလည်လား...။
လူငယ် = တင်ပါ့ ဘုန်းဘုန်း၊ သား နောက်ဆင်ခြင်ပါ့မယ်
လူငယ်လေးတွေကို ရွှေဘုန်း သိပ်ချစ်သည်၊ သူတို့လမ်းလေးတွေ သာယာစေချင်သည်။
မေတ္တာဖြင့် ရွှေဘုန်း (15.7.2012
No comments:
Post a Comment