နေ့စဉ် ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးတွေ ဆက်ကပ်ရအောင်

“ဆွမ်းတော်ကပ်”

အရဟတာဒိ န၀ဂုဏေဟိ၊ အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်။ သမ္ပန္နာဂတံ၊ ပြည့်စုံတော်မူသော။ နာထံ၊လူနတ်တို့၏ ကိုးကွယ်ရာဖြစ်တောမူသော။ ဗုဒ္ဓံ၊ သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို။ ဥဒ္ဒိဿ၊ ရည်မှန်း၍၊ စေတိယဿ၊ ဓာတုစေတီ ဓမ္မစေတီ ဥဒ္ဒဿစေတီ ပရိဘောဂ စေတီတော်မြတ်တို့အား။ ၀ဏ္ဏ ဂန္ဓ ရသ သမ္ပန္နာဂတံ။ အဆင်း အနံ့ အရသာတို့နှင့် ပြည့်စုံတော်မူသော။ ဣမံပိဏ္ဍပါတ ခါဒနိယ ဘောဇနိယံ၊ ဤ ဆွမ်း ခဲဘွယ် ဘောဇဉ် ချိုချဉ် အရသာ အဖြာဖြာတို့ကို။ သကစ္စံ၊ ရိုရိုသေသေ။ ဒေမိ၊ နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ ၏။ ပူဇေမိ၊ နိဗ္ဗာန်ကိုမျှော် ပူဇော်ပါ၏ အရှင်းဘုရား။

“ရေချမ်းကပ်“

သီတကံ၊ အေးမြလှစွာသော။ ဣမံ ဥဒကံ၊ ဤသောက်တော်ရေချမ်းကို။

“ပန်းကပ်”

ဝဏ္ဏ ဂန္ဓ သမ္ပန္နာဂတံ၊ အဆင်းအနံ့တို့နှင့် ပြည့်စုံတော်မူသော။ ဣမံ ပုပ္ဖံ၊ ဤပန်းကို။

“ဆီမီးကပ်”

ဣမံ ဒီပဇာလံ၊ ဤဆီမီးလျှံကို။

ဘုရားဂုဏ်တော် (၉)ပါး ပါဠိ၊ အဓိပ္ပါယ်

(၁) အရဟံ - ကိလေသာအပူကင်း၍ ပူဇော်အထူးကိုခံထိုက်သောမြတ်စွာဘုရား။

(၂) သမ္မာသမ္ဗုဒ္ဓေါ-သစ္စာလေးပါး တရားကို ဆရာမရှိ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။


(၃) ၀ိဇ္ဇာစရဏသမ္ပန္နော -အသိဥာဏ် ဝိဇ္ဇာ၊ အကျင့်စရဏနှင့် ပြည့်စုံတော် မူသောမြတ်စွာဘုရား။

(၄) သုဂတော - ကောင်းသော စကားကိုသာ ပြောဆိုတော် မူတတ်သော မြတ်စွာဘုရား။

(၅) လောက၀ိဒူ - သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။

(၆) အနုတ္တရောပုရိသဒမ္မသာရထိ - မယဉ်ကျေးသေးသော လူ နတ်ဗြဟ္မာ တိရစ္ဆာန်သတ္တဝါတို့ကို တုတ်ဓားမပြ တရားချ၍ ယဉ်ကျေးအောင် ဆုံးမတော်မူနှိုင်သော မြတ်စွာဘုရား။

(၇)သတ္ထာဒေ၀မနုဿာနံ - လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။

(၈) ဗုဒ္ဓေါ - သစ္စာလေးပါးတရားတော်ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သူတစ်ပါးတို့ကိုလည်း သိအောင် ဟောပြတော်မူသော မြတ်စွာဘုရား။

(၉) ဘဂ၀ါ - ဘုန်းတော်ခြောက်ပါးစုံ ဂုဏ်တော် အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(နိဗ္ဗာန်ဆော် အသင်းမှ လှူဒါန်းပါသည်၊ နတ်လူသာဓု ခေါ်စေသော်)

2 comments:

  1. ဘုန်းဘုန်း တပည့်တော်လာလည်ပြီး စာတွေဖတ်သွားပါတယ်ဘုရား။
    ဘုန်းဘုန်း ဒီထက်မက သာသနာပြုနိုင်ပြီး အောင်မြင်ပါစေ

    ReplyDelete
  2. စာကျက်ပျင်းခဲ့လို့ ငယ်ဆရာဘုန်းဘုန်းရဲ့ ခါးပန်းကြိုးနဲ့ ခါခါနှက်ခံရတာ
    ပြန်သတိရပါတယ်ဘုရား။။။ ဆွမ်းတော်ကပ်ဆိုချေစမ်းဆိုရင် ဆိုသာဆိုတယ်
    ရေတော်ကပ်လား၊ပန်းတော်ကပ်လားမသိနဲ့။။။ခဏခဏရိုက်ခံထိလို့ မှတ်မိ
    နေတာလေးတွေကို နှစ်ထပ်ရှိအောင် ထပ်ပြီး ဖတ်မှတ်သွားပါတယ်ဘုရား။။

    ReplyDelete